Friday 5 October 2012

အချစ်ဟောင်း


အချစ်ဟောင်း
ပြန်ပြောင်းအောက်မေ့
ထပ်ကာတွေ့စဉ်
ပျော်ရွှင်ယစ်မူး
ကြည်နူးမဝ
သက်အမျှ
မုန်းစမထုံးနိုင်ခဲ့တယ်။

ကြည်လဲ့မျက်နှာ
နှုတ်ခမ်းလွှာတွင်
ယခင်မာန
ပယ်ကွာကျသိမ်း
ရင်ငြိမ်းချမ်းမြ
ပြုံးအလှ
ချစ်စမဆုံးနိုင်ခဲ့တယ်။

ကိုယ့်လမ်းကိုယ်လျှောက်
ခရီးရောက်စေ
မေ့နေမကြာ
တစ်နေရာ၌
တွေ့ခိုက်ဆုံရ
ထိုခဏ
ပြုံးပြနှုတ်ဆက်နိုင်ခဲ့တယ်။

ကြယ်တွေကြွေတိုင်း
မှုန်မှိုင်းကောင်းကင်
ရှိခဲ့လျှင်လည်း
ကြွေဆဲခဏ
မှိုင်းမှုန်ရသား
နောက်များကြယ်သစ်
အစဉ်ဖြစ်သည်
မြဲတည်အလင်းမမဲ့နိုင်…။


ပျိုးယုဝသုန်
11:02:23 PM
05-10-2012
Friday (BNE)

9 comments:

mstint said...

ခံယူချက်ခြင်းမတူလို့ လမ်းခွဲတဲ့အခါ အမုန်းမဖက်ခဲ့ရင် ပြန်လည်ဆုံဆည်းတိုင်း အပြုံးကိုယ်စီ ဖလှယ်နိုင်ကြတာပေါ့ ဝသုန်ရေ။ ဘဝအမှောင်ဆိုတာ တဒင်္ဂပါ။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အေးချမ်း(သံလွင်) said...

မဝသုန်ရဲ့ ကဗျာတွေကို လာရောက် ခံစားသွားပါတယ်။ တိကျတဲ့ စကားလုံး ရွေးချယ်မှုကြောင့် ထိထိမိမိ ရှိလှပါတယ်။ သံလွင်အိပ်မက်မှာ ပါဝင်ရေးသားဖို့ ဖိတ်ခေါ်ပါရစေ။ စာမူတွေကို editor@thanlwin.com ကို ပေးပို့နိုင်ပါတယ်ခင်ဗျာ။

အေးချမ်း(သံလွင်)
www.thanlwin.com

စံပယ်ချို said...


ကိုယ့်လမ်းကိုယ်လျှောက်
ခရီးရောက်စေ
မေ့နေမကြာ
တစ်နေရာ၌
တွေ့ခိုက်ဆုံရ
ထိုခဏ
ပြုံးပြနှုတ်ဆက်နိုင်ခဲ့တယ်-----
အဲတာတော့ ဟုတ်တယ်ရှင်
ချစ်တဲ့ jasmine

Yoemyaykya said...

ကြည်လဲ့မျက်နှာ
နှုတ်ခမ်းလွှာတွင်
ယခင်မာန
ပယ်ကွာကျသိမ်း
ရင်ငြိမ်းချမ်းမြ
ပြုံးအလှ
ချစ်စမဆုံးနိုင်ခဲ့တယ်။
မမ၀သုန်ရဲ့ ကဗျာလေးကိုတိုးတိုးလေးလာရွတ်သွားတယ်။

Cameron said...

တကယ်ပဲအချစ်ဟောင်းနဲ့တွေ့ခဲ့လားမမ၀သုန်

ညီရဲ said...

အစ်မမိုးငွေ့ မေးသလိုဘဲ တကယ်ဂျီး တွေ့ ခဲ့တာလား မမဝသုန်...:P

ကေပိုး said...

အချစ်ဟောင်းဆိုတာ.. အတိတ်ဟောင်းရဲ့ သတိရစရာတွေ ပြည့်နေတဲ့ စာမျက်နှာ တစ်ခုပေါ့ ချစ်ရေ.. ကဗျာလေးက ခံစားရတယ်.. ချစ်ရေ..

မိုးနတ်ကြယ်စင် said...

ကြယ်တွေကြွေတိုင်း
မှုန်မှိုင်းကောင်းကင်
ရှိခဲ့လျှင်လည်း
ကြွေဆဲခဏ
မှိုင်းမှုန်ရသား
နောက်များကြယ်သစ်
အစဉ်ဖြစ်သည်
မြဲတည်အလင်းမမဲ့နိုင်…။

နွေတေးရှင် (မင်းဧရာ) said...

ခပ်အေးအေးဆိုပေမယ့် နွေးနေစဲ ပုံရိပ်အချို့ပေါ့ဗျာ။