Thursday 4 October 2012

အလှည့်




သေခြင်းတရား
အနီးနားမှာ
မကြာခဏ
ရုပ်လုံးပြ၍
လက်တွေ့ဆွဲခေါ်
ငါ့အဖော်တို့
ငြင်းလို့မရ
ပါကုန်ကြပြီ
ငါ လည်းဘယ်တော့သွားမည်နည်း..။


ပျိုးယုဝသုန်
12:59:49 AM
5-10-2012
Friday ( BNE )

6 comments:

စံပယ်ချို said...

အဲဒီ ခရီးလမ်းကိုပဲ လူတိုင်းစောင့်နေကြရတယ်နော်
ချစ်တဲ့ jasmine

ညီရဲ said...

ကဗျာလေးက တိုတိုလေးနဲ့ ထိမိလိုက်တာ... ကျွန်တော်လဲ ဒီလိုအဖြစ်မျိုးတွေ ကြုံဖူးတယ်... အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်... သူတို့ ထွက်သွားကြပြီ။ ဘယ်တော့မှ ပြန်တွေ့ နိုင်မှာ မဟုတ်တဲ့ နေရာကို သူတို့ ထွက်သွားကြပြီ... သူတို့ အကြောင်းကို တွေးမိတိုင်း ပင့်သက်မောကို အခါခါချမိရတယ်...

လရိပ်အိမ် said...

ဪ ဒီတလောဒါတွေပါဘဲလား။ လရိပ်အလှည့် ဘယ်တော့လဲ။

Cameron said...

ထုံးစံအတိုင်းပေါ့ မမ၀သုန်လက်ရာကောင်းတစ်ပုဒ်

mstint said...

လောကလူသားတို့ရဲ့ခရီးဆုံးမှတ်တိုင်လေးပေါ့ ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင် (မင်းဧရာ) said...

သည်အတွေး သည်အဆွေးနဲ့
ဝေးရပါလို၏ ဘုရား ။