Sunday 21 October 2012

အတိုင်းအတာများ


ကောင်းကင်အဝန်း
ဖွဲ့ဆိုညွှန်းက
တိကျစေရာ
ထု အလွှာကို
ဘယ်အရာနှင့်တိုင်းမည်နည်း။

ခုနစ်လွှာသမုဒ်
ဤပြရုပ်မှ
စီးကျဝင်လာ
ရေ ပမာ ကို
ဘယ်အရာနှုင့်တိုင်းမည်နည်း။

မြေ ကမ္ဘာခြား
စိတ်ခွန်အား၏
သွားသည့်အလျင်
သံယောဇဉ်ကို
ဘယ်လိုအရာနှင့်တိုင်းမည်နည်း။

နှလုံးမခြား
စောင့်တရားနှင့်
နာကြားခါခါ
ထိုသစ္စာကို
ဘယ်အရာနှင့်တိုင်းမည်နည်း။


ပျိုးယုဝသုန်
07:02:12 PM
21-10-2012
Sunday (BNE)

3 comments:

စံပယ်ချို said...

ပျိုးရေ ဂျက်ရဲ့ သစ္စာကိုလဲ ဘယ်အရာနဲ့မှတိုင်းမရဘူးကွယ်

( နှလုံးမခြား
စောင့်တရားနှင့်
နာကြားခါခါ
ထိုသစ္စာကို
ဘယ်အရာနှင့်တိုင်းမည်နည်း)
ချစ်တဲ့ jasmine အာဘွားးးးးးးးးးးး

လွင်ပြင်လှိုင်းငယ် said...


မြေ ကမ္ဘာခြား
စိတ်ခွန်အား၏
သွားသည့်အလျင်
သံယောဇဉ်ကို
ဘယ်လိုအရာနှင့်တိုင်းမည်နည်း။
ဘယ်လိုမှ နှိုင်းရမည်မထင်ပါ ။
မမ၀သုန်ကဗျာတွေက အရမ်းကောင်းတယ်

San San Htun said...

ကဗျာကောင်းတာလေးကို ဘယ်အရာနှင့် တိုင်းမည်နည်း..:P