Thursday 6 September 2012

လမင်း ရင်ခုန်သံ


လှပတဲ့ ညတလင်း
လမင်းရဲ့ ရင်ခုန်သံ
မိုးတိမ်ယံ  ဟိုကမ်းပါး
ပါးလွှလွှ ညံ။

ညအသံ
လပြာစံမိန့်မူး
စုန်းကြူးပျို အရောင်လက်တိုင်
ပြိုးပြက်နိုင်ဘူး။



ပျိုးယုဝသုန်
2:28:25 PM
06-08-2012
Thursday (BNE)

13 comments:

လွင်ပြင်လှိုင်းငယ် said...

ညအသံ
လပြာစံမိန့်မူး
စုန်းကြူးပျို အရောင်လက်တိုင်
ပြိုးပြက်နိုင်ဘူး။

မမ၀သုန်ကဗျာတွေကအရမ်းကောင်းတယ်ဗျို့

ညီရဲ said...

လမင်း ရင်ခုန်သံတဲ့လား... နာမည်လေးက လှလိုက်တာ... ကဗျာလေးကလဲ ကောင်းလိုက်တာ... တို့ မမဝသုန်က တော်လိုက်လိုက်တာ...း)

စံပယ်ချို said...

ရေးသမျှ ကဗျာတွေ အားလုံးကောင်းတယ်
မြန်မာကဗျာစစ်စစ်လေးဖတ်ရလို့

လရိပ်အိမ် said...

ကဗျာလေးကြောင့်ရင်ခုန်သွားတယ်။

မိုးနတ်ကြယ်စင် said...

မမရေ..ကဗျာလေး အရမ်းကောင်းတယ်..မစံပယ်ပြောသလို မြန်မာကဗျာစစ်စစ်လေး....ခံစားအားပေးသွားတယ်အမရေ....
ခင်တဲ့..မိုးနတ်

mstint said...

ကဗျာလေးတိုပေမယ့် ဖတ်လို့ကောင်းတယ် ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ကဗျာတိုလေးတွေကို အလှဆုံးအကောင်းဆုံးနဲ့ အများဆုံးရေးနိုင်သူ မမ၀သုန်...း)

ဖြိုးဇာနည် said...

ညင်သာတယ်
လိုက်မျောလို့ရတယ်

San San Htun said...

မမဝသုန်ရဲ့  ကဗျာလေးတွေကို အသံထွက်တောင် ရွှတ်ဆိုမိတယ်..

Moe Ye said...

ညအသံ လပြာစံမိန်မူး ဆိုတဲ့အတွေးမျိုးဘယ်လိုရသလဲ။ အဲဒီစကားလုံးလေးကို အရမ်းကြိုက်မိပါကြောင်း:-) ။

မိုးသူ(တောင်ကြီး) said...

မမ၀သုန်ကဗျာလေးတွေက
တိုတိုလေးတွေနဲ့ ထိမိတယ်
ကြိုက်တယ်ဗျ အခုလို အဖွဲ့ အနွဲ့ မျိုးလေးတွေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

San San Htun said...

မမဝသုန်ရဲ့  ကဗျာလေးတွေက လှလည်းလှတယ်..ချစ်ဖို့ လည်းကောင်းတယ်..

လမင်းထက်မြင့် said...

ကောင်းပါတယ် မမ၀သုန်