Monday 6 August 2012

အမြင်ခြားသူများ


နှုတ်လည်းမဆက်
ကျောခိုင်းထွက်မှ
ပြောရက်စကား
တစ်ခွန်းသားက
Sorry နှုတ်ဖျားချန်ခဲ့တယ်။

တွဲလက်ရယ်မှ
မနွေးမြခင်
အမြင်ကလွဲ
တယူစွဲနဲ့
ပြောပြခွင့်လည်းမဲ့ခဲ့တယ်။

ထွက်သွားသူနောက်
ကောက်ကောက်လိုက်ဖို့
ကိုယ့်စိတ်စေရာ
ခွင့်မပါဘူး
မှန်ရာလက်စွဲထားခဲ့တယ်။

ရှေ့သို့ဆက်ပါ
ကျောခိုင်းရာကို
ပြန်ကာမလှည့်
ငဲ့မကွက်နဲ့
ထင်မြင်ချက်က ခြားပြီကိုး ..။



ပျိုးယုဝသုန်
3:57:23 PM
06-08-2012
Monday (BNE)

9 comments:

မိုးသူ(တောင်ကြီး) said...

ထွက်သွားသူနောက်
ကောက်ကောက်လိုက်ဖို့
ကိုယ့်စိတ်စေရာ
ခွင့်မပါဘူး
မှန်ရာလက်စွဲထားခဲ့တယ်။

ကဗျာလေးက ချစ်ဖို့ ကောင်းတယ် ဗျ
ဖတ်ရတာ ခေတ်စမ်းကဗျာလေးလို ပဲ

ခင်တဲ့

မိုးသူ(တောင်ကြီး)

မိုးသူ(တောင်ကြီး) said...

ထွက်သွားသူနောက်
ကောက်ကောက်လိုက်ဖို့
ကိုယ့်စိတ်စေရာ
ခွင့်မပါဘူး
မှန်ရာလက်စွဲထားခဲ့တယ်။

ကဗျာလေးက ချစ်ဖို့ ကောင်းတယ် ဗျ
ဖတ်ရတာ ခေတ်စမ်းကဗျာလေးလို ပဲ

ခင်တဲ့

မိုးသူ(တောင်ကြီး)

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက ကောင်းမှကောင်း မမ၀သုန်ရေ

မြတ်နိုးသူ(MUFL) said...

ထွက်သွားသူနောက်ကောက်ကောက်
လိုက်ဖို့ကိုယ့်စိတ်စေရာခွင့်မပါဘူးတဲ့
ကဗျာလေးဖတ်သွားပါတယ်နော်အမ
အားပေးသွားပါတယ်

mstint said...

ကျောခိုင်းထွက်ခွာသွားမှတော့ ခံယူချက်ခြင်းမတူသူရဲ့
နောက်ကကောက်ကောက် မလိုက်ဖြစ်တာ
မှန်ကန်တဲ့ဆုံးဖြတ်ချက်ပေါ့ ဝသုန်ရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ထွက်သွားသူနောက်
ကောက်ကောက်လိုက်ဖို့
ကိုယ့်စိတ်စေရာ
ခွင့်မပါဘူး
မှန်ရာလက်စွဲထားခဲ့တယ်------[kwf
ဟုတ်တယ်ပျိုးရေ အဲတာတွေကြောင့်ပဲ ကဗျာတွေကျန်နေတာပေါ့

နွေတေးရှင် said...

သိပ်ကောင်းတဲ့ ကဗျာလေးပဲ မသုန်...
တွဲလက်ရယ်မှ မနွေးမြခင် ဆိုတဲ့စာသားလေးက
ကြေကြေမွမွလေး ခံစားသွားစေတယ် ။

ဆုံးဖြတ်ချက်မှန်ပါတယ်...
အမှန်တရားကို လက်ကိုင်ထားရဲရမှာပေါ့။

သိင်္ဂါကျော် said...

အမြင်ခြားတော့လည်း တွဲလက် မမြဲနိုင်တော့ဘူးပေါ့လေ..

ဖြိုးဇာနည် said...

sorry ဆိုတာလုံလောက်မလားနော်
အမြင်ခြားတယ်ဆိုတော့လဲ နောက်လှည့်
ကြည့်မလား တည့်တည့်ကြည့်မလားပေါ့ဗျာ
ထွက်သွားသူကထွက်သွားမှာပါပဲ