Wednesday 29 August 2012

ပန္နက် မမြဲလေသောခါ





ဘဝဘဝေ အသင်္ချေမှ
ထားကြမေတ္တာ ရင်မှာကတိ
မရှိမငြူ ရှိအတူနှင့်
ရွက်လွှင့်ခရီး ကမ်းမနီးပြီ
လျောက်သောလမ်းတို့ ရှည်ခဲ့ပြီ။

စိနြေ္ဒမြတ်ဘုရား တိုင်ထားသစ္စာ
ဟိုမှာဘဝ ဖြစ်လေရတိုင်း
တစ်ကိုင်းနားငှက် စွယ်တော်ရွက်နှယ်
မပြယ်မဝေး နွယ်စေရေးကို
ကြိုထောက်ခွန်းဆင့် သီခဲ့သည်။

ဆုံ၍ကြုံလာ ဘုံကမ္ဘာထဲ
မြင်ဆဲခဏ သိ ထင်ရသား
ရှိထားရေစက် ထိုပန္နက်ဖြင့်
နင့်နဲကြည်နူး ချစ်ပန်းဖူးကို
ခူးရန်ကမ်းလင့် ခါမသင့်ပြီ
ဆိုင်သူ ကိုယ်ငှ ရှိကြသည်။



ပျိုးယုဝသုန်
11:00:10 PM
29-08-2012
Wednesday (BNE)

6 comments:

နွေတေးရှင် (မင်းဧရာ) said...

ကောင်းလိုက်တဲ့ ဖွဲ့နွဲ့မှု့လေးဗျာ...
ကဗျာကို ဖတ်ပြီးတော့ ရင်ထဲမှာ တင်းတင်းကျပ်ကျပ်ကို ကျန်ရစ်တယ်။

လင်းခေတ်ဒီနို said...

စိနြေ္ဒမြတ်ဘုရား တိုင်ထားသစ္စာ
ဟိုမှာဘဝ ဖြစ်လေရတိုင်း
တစ်ကိုင်းနားငှက် စွယ်တော်ရွက်နှယ်
မပြယ်မဝေး နွယ်စေရေးကို
ကြိုထောက်ခွန်းဆင့် သီခဲ့သည်။

တကယ်လှတဲ့ သီကုံးမှုလေးပါ

ခင်မင်စွာဖြင့်
ဗညားရှိန်

မိုးသူ(တောင်ကြီး) said...

ဟိုမှာဘဝ ဖြစ်လေရတိုင်း
တစ်ကိုင်းနားငှက် စွယ်တော်ရွက်နှယ်
မပြယ်မဝေး နွယ်စေရေးကို
ကြိုထောက်ခွန်းဆင့် သီခဲ့သည်။

ကဗျာနုနုလေးဖတ်သွားပါတယ် မမ၀သုန်ရေ

ခင်တဲ့

မိုးသူ

mstint said...

ကလောင်သွားလေး ထက်ပါဘိ ဝသုန်ရေ။ ကဗျာတိုင်းလိုလို စကားလုံးလေးတွေ နူးညံ့သိမ်မွေ့တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

ကဗျာကောင်းလေးအားပေးသွားတယ် မမ၀သုန်ရေ....ကဗျာလေးဖတ်ပြီးစိတ်ထဲမှာတစ်မျိုးလေးခံစားရတယ်...ဘယ်လိုပြောမလဲ နူးညံ့တယ်ခေါ်မလား၊ သိမ်မွေ့တယ်ခေါ်မလား..မိုးနတ်ဖြင့်မပြောတတ်တော့ပါဘူး...အားပေးနေမယ်နော်
ခင်တဲ့...ညီမလေးမိုးနတ်...

မြတ်နိုးသူ said...

ဆုံ၍ကြုံလာ ဘုံကမ္ဘာထဲ
မြင်ဆဲခဏ သိ ထင်ရသား
ရှိထားရေစက် ထိုပန္နက်ဖြင့်
နင့်နဲကြည်နူး ချစ်ပန်းဖူးကို
ခူးရန်ကမ်းလင့် ခါမသင့်ပြီ
ဆိုင်သူ ကိုယ်ငှ ရှိကြသည်။
အားပေးသွားပါတယ်