ချောမွေ့ကြည်လင်
ရုပ်သွင်ပြင်ပ
တစ်စအရေ
ဖောက်တတ်ပေသည်
မြဲမည် သင်က ထင်သလား..။
ရွှေစင်ရွှေနှစ်
နုမြစ်အရေ
ကြွလေမာန
မိုးမကပြီ
လှသည် သင်က ထင်သလား..။
ခြေကြွတစ်လှမ်း
တစ်သန်းကုဋေ
ထိုက်တန်ပေ၏
ဆိုသည့်မုသား
စကားစမြည်
လာသည် ရင်က ထင်သလား။
ပင့် မြှောက် စကား
သင်ယုံမှားပြီး
မာန်ကြီးဂုဏ်မောက်
အရောင်တောက်လျှင်
သင်ပင် အကျ နာဦးမည်..။
ပျိုးယုဝသုန်
7:30 PM
13-08-2012
Monday (BNE)
6 comments:
ပင့် မြှောက် စကား
သင်ယုံမှားပြီး
မာန်ကြီးဂုဏ်မောက်
အရောင်တောက်လျှင်
သင်ပင် အကျ နာဦးမည်..။
အားပေးသွားပါတယ်နော်
ကြုံတွေ့ရသမျှဆင်ခြင်တုံတရားလေးနဲ့ယှဉ်ပြီး ယုံသင့်တယ် ဝသုန်ရေ။ ကဗျာလေး အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပင့် မြှောက် စကား
သင်ယုံမှားပြီး
မာန်ကြီးဂုဏ်မောက်
အရောင်တောက်လျှင်
သင်ပင် အကျ နာဦးမည်-----------
ကောင်းလိုက်တဲ့ ရေးချက်တွေနော်
မှတ်သားသင့် တဲ့ကဗျာ
ချစ်တဲ့
ပင့် မြှောက် စကား
သင်ယုံမှားပြီး
မာန်ကြီးဂုဏ်မောက်
အရောင်တောက်လျှင်
သင်ပင် အကျ နာဦးမည်..။
အရမ်းမိုက်တဲ့ ကဗျာလေးပါ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ကောင်းလိုက်တဲ့ ကဗျာလေး...။
ကောင်းပါတယ်
ကာရံယူလဲကောင်းပါရဲ့
အတွေးကပိုတော်တယ်လို့ပဲပြောချင်တယ်လေ
Post a Comment