Monday 23 July 2012

အိမ်နီးချင်း


ကြက်၊ ငှက်၊ ငါး၊ ခွေး
သည် အိမ်ဘေး
လူ လည်း ဆဲရေးတတ်သေးသည်။



ကလေးက သုံး
ခွေးက သုံး
ကြက်ငှက် စုရုံး ငြီးလှသည်။



ကော့ကဒူးသံ
တညံညံ
အိပ်ရန်ခက်ခဲလှတော့သည်။



အိပ်စပျော်စဉ်
အော်သံဝင်
ညစဉ်ညတိုင်းနိုးရသည်။



ရဲကိုတိုင်မည်
စိတ်မှာတည်
သနားသည်ကြောင့်ခက်လှပြီ။



စာနာစိတ်လေး
ဒင်းတို့မွေး
လူရေးနားတော့လည်သင့်သည်။



ပျိုးယုဝသုန်
7:17:45 PM
23-07-2012
Monday (BNE)

9 comments:

mstint said...

သည်းခံမှုဆိုတာလည်း အတိုင်းအတာတစ်ခုအထိတော့ ရှိစမြဲမို့ ပတ်ဝန်းကျင်အပေါ် ကိုယ်ချင်းစာတရားနဲ့ နားလည်မှုလေးရှိဘို့တော့လိုတာပေါ့ ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဟုတ်ပါတယ် တီတင့်ရယ် .. မနက်လည်း မနက် မို့ ..ညလည်း ညမို့ .. ခေါင်းရင်းဘက်ခြံက တော်တော်ဆိုးပါတယ်

လွင်ပြင်လှိုင်းငယ် said...

မမ၀သုန်တော်တော် စိတ်ညစ်နေပြီထင်တယ် ။
သူတို့တွေ နားလည်တတ်ရင်ဘယ်လောက်ကောင်းမလဲနော် ။

Cameron said...

ကဗျာဆရာမတို့ကတော့ ဒါလဲ ကဗျာဖြစ်သွားတာပဲ...။
ဒီလိုပဲ ကြုံတတ်ပါတယ်...။

ဝေမိုးနိုင်(မုံရွာ) said...

ဖတ်ပြီး ပြုံးတုံ့တုံ့လေးဖြစ်သွားတယ်အစ်မရေ........

မိုးသူ(တောင်ကြီး) said...

အလုပ်ပင်ပန်းတဲ့ရက်တွေပိုစိုးမယ်ထင်တယ်

အိမ်နီးချင်းဆိုတော့လဲခက်သားကလား

ခင်တဲ့

မိုးသူ(တောင်ကြီး)

လရိပ်အိမ် said...

ကဗျာစပ်တာ ကာရံညီလှသည်။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ရဲကိုတိုင်မည်.. သနားသည် တဲ့။

မြတ် ပြုံးလိုက်မိတယ်။ စိတ်တိုလိုက်၊ တိုင်ချင်စိတ်ပေါက်လိုက်၊ ကိုယ်ချင်းစာစိတ်ကြောင့် သနားလိုက်နဲ့ ဝသုန်တစ်ယောက် တော်တော် နေရထိုင်ရ ခက်နေတော့မယ်။

ခင်တဲ့
မြတ်

ညီရဲ said...

တော်သေးတယ် ဒီလို အိမ်နီးချင်း မရှိလို့ ...