မနေ့ မနေ့တွေက
တွေ့ခဲ့ရတဲ့မျက်နှာတွေ
မိုးတိမ်ပမာ ရွေ့လျား
ဘယ်ဆီကိုများ သွားလဲကွယ်။
တကယ်ပါ
ဟိုနေရာတွေ့နိုးနိုး
ဒီနေရာတွေ့နိုးနိုးနဲ့
ထမင်းထုတ်တွေလည်း... သိုးခဲ့ပြီ။
မိုးတွေနဲ့အတူ
ကြွေခဲ့ရတဲ့မျက်ရည်တွေ
ဖြေမဆည်နိုင်သေးပါဘူး
ရာသီဘယ်လိုပြောင်းပြောင်းပေါ့..။
ပျိုးယုဝသုန်
ခေတ္တ (BNE)
ရေးထားတာတော့ ကြာပါပြီ .. FB မှာ တင်ပြီး ကိုယ့်Blog မှာကိုယ် ပြန်မတင်မိသေးတဲ့ကဗျာလေးပါ..။
8 comments:
မျက်ရည်တွေကြွေတာရပ်ပါတော့ပျိုးရေ
တနေ့နေ့ တော့တွေ့ရမှာပါ
ချစ်တဲ့ jasmine
နောက်ဆုံးအပိုဒ်လေးကို အခိုက်ဆုံးပဲ..
ကြိုက်တယ်....
တိမ်တွေလို အလွယ် ရွှေ့လျားတတ်တဲ့ မျက်နှာတွေလား.. သွားပါစေကွယ်.
ဂရုစိုက်မနေပါနဲ့ :)
အချစ်ပြောက်ရှာတဲ့
ကဗျာလေးပါလား
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါ ဝသုန်ရေ။
မဆုံချင်တောင် ကြုံတတ်တာမို့ တစ်နေ့တွေ့မှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တကယ်ပါ
ဟိုနေရာတွေ့နိုးနိုး
ဒီနေရာတွေ့နိုးနိုးနဲ့
ထမင်းထုတ်တွေလည်း... သိုးခဲ့ပြီ။
အားမငယ်နဲ့ မသိုးထမင်း မသိုးဟင်းပြင်ပေးလိုက်မယ်
မ၀သုန်ရဲ့...
ရှာပုံတော်လားဗျ
တွေ့မှာပါ တစ်နေ့နေ့မှာပေါ့။
Post a Comment