Friday, 20 July 2012

မျက်နှာများဆီသို့


မနေ့ မနေ့တွေက
တွေ့ခဲ့ရတဲ့မျက်နှာတွေ
မိုးတိမ်ပမာ ရွေ့လျား
ဘယ်ဆီကိုများ သွားလဲကွယ်။

တကယ်ပါ
ဟိုနေရာတွေ့နိုးနိုး
ဒီနေရာတွေ့နိုးနိုးနဲ့
ထမင်းထုတ်တွေလည်း... သိုးခဲ့ပြီ။

မိုးတွေနဲ့အတူ
ကြွေခဲ့ရတဲ့မျက်ရည်တွေ
ဖြေမဆည်နိုင်သေးပါဘူး
ရာသီဘယ်လိုပြောင်းပြောင်းပေါ့..။



ပျိုးယုဝသုန်

ခေတ္တ (BNE)


ရေးထားတာတော့ ကြာပါပြီ .. FB မှာ တင်ပြီး ကိုယ့်Blog မှာကိုယ် ပြန်မတင်မိသေးတဲ့ကဗျာလေးပါ..။

8 comments:

စံပယ်ချို said...

မျက်ရည်တွေကြွေတာရပ်ပါတော့ပျိုးရေ
တနေ့နေ့ တော့တွေ့ရမှာပါ
ချစ်တဲ့ jasmine

AH said...

နောက်ဆုံးအပိုဒ်လေးကို အခိုက်ဆုံးပဲ..

Cameron said...

ကြိုက်တယ်....

သိင်္ဂါကျော် said...

တိမ်တွေလို အလွယ် ရွှေ့လျားတတ်တဲ့ မျက်နှာတွေလား.. သွားပါစေကွယ်.
ဂရုစိုက်မနေပါနဲ့ :)

မိုးသူ(တောင်ကြီး) said...

အချစ်ပြောက်ရှာတဲ့

ကဗျာလေးပါလား

mstint said...

ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါ ဝသုန်ရေ။
မဆုံချင်တောင် ကြုံတတ်တာမို့ တစ်နေ့တွေ့မှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

တကယ်ပါ
ဟိုနေရာတွေ့နိုးနိုး
ဒီနေရာတွေ့နိုးနိုးနဲ့
ထမင်းထုတ်တွေလည်း... သိုးခဲ့ပြီ။

အားမငယ်နဲ့ မသိုးထမင်း မသိုးဟင်းပြင်ပေးလိုက်မယ်

နွေတေးရှင်(မင်းဧရာ) said...

မ၀သုန်ရဲ့...
ရှာပုံတော်လားဗျ
တွေ့မှာပါ တစ်နေ့နေ့မှာပေါ့။