Monday 16 July 2012

နွေဦး ပုံပြင်




ရော်ရွက်ဝါကြွေ
ခါနွေတပေါင်း
မဟောင်းပုံပြင်
လွမ်းရုံထင်သည့်
ကာလ ဘယ်မှာ ကုန်တော့မည်..။

ရည်မှန်း လန်းရွှင်
ပန်းတော်ဝင်ကို
လက်တွင်ခိုင်ခိုင်
ပိုင်မည့်အရေး
မျှော်ကာတွေးပြီး
ရင်ထဲနွေးမြ နေဖူးသည်။

ပျော်ခြင်းအုတ်မြစ်
ချရစ်ခိုင်စေ
လက်တွေမြံမြဲ
တူယှဉ်တွဲလို့
ပျော်ပွဲဝင်ဖို့ ပြင်ခဲ့သည်။

နှောင်းတမြည့်မြည့်
မေ့ပျက်မလွယ်
ဖျက်ပယ်ပစ်ချင်
စိတ်တွင်ဆန္ဒ
ထိုကာလ
ပွင့်စပန်းလေး ကြွေခဲ့ချိန် …။ 


ပျိုးယုဝသုန်
5:01:02 PM
16-07-2012
Monday (BNE)

5 comments:

မိုးသူ(တောင်ကြီး) said...

ရည်မှန်း လန်းရွှင်
ပန်းတော်ဝင်ကို
လက်တွင်ခိုင်ခိုင်
ပိုင်မည့်အရေး
မျှော်ကာတွေးပြီး
ရင်ထဲနွေးမြ နေဖူးသည်။

အခုတော့လဲ အရင်တိုင်းပါပဲဗျာ

အထီးကျန်အဖော်ကင်း

မျှော်လင့်ခြင်းဝေဒနာတွေနဲ့ အတူပေါ့ဗျာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

နွေတေးရှင် said...

မ၀သုန်......
ကဗျာရေး သိပ်တော်တာဘဲနော်။


နှောင်တမြည့်မြည့် မေ့ပျက်မလွယ် ဖျက်ပယ်ပစ်ချင်
စိတ်တွင်ဆန္ဒ ထိုကာလ ပွင့်စပန်းလေး ကြွေခဲ့ချိန်...။

ကဗျာ့ အဆုံးသတ်အပိုဒ့်လေးကို အရမ်းကြိုက်တယ်။

Unknown said...

နှောင်းတမြည့်မြည့်
မေ့ပျက်မလွယ်
ဖျက်ပယ်ပစ်ချင်
စိတ်တွင်ဆန္ဒ
ထိုကာလ
ပွင့်စပန်းလေး ကြွေခဲ့ချိန် …

ကြိုက်တယ်ဗျာ...
ခံစားသွားတယ် အမရေ...:-)

ညီရဲ said...

ကာရံညီ ကဗျာလေးတွေ ဖတ်ရတာကိုက အရသာရှိတာ... တို့ အစ်မ ကဗျာရေးကတော့ တကယ်တော်တယ်...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ခေါင်းစဉ်လေးကအစ
ကဗျာလေးအဆုံး
သံနေသံထားလေးနဲ့ ဖတ်ရတာလေး အပါအဝင် ကဗျာလေးတစ်ပုဒ်လုံးကို ချစ်သည်။

ချစ်ခင်စွာနဲ့
မြတ်