Wednesday 11 July 2012

ရင်တွင်းဂီတ



စိတ်ကို စိတ်ချင်း
စိတ်အရင်းနှင့်
ရင်တွင်းဖွဲ့ဆို
သံစဉ်ချိုသည်
ကာရန်တူမှရမည်ထင်..။


ပျိုးယုဝသုန်
8:48:16 PM
11-07-2012
Wednesday (BNE)

11 comments:

မိုးသူ(တောင်ကြီး) said...

မမ၀သုန်ေ၇
အိမ်ဦးနတ်တွေနဲ့ ကာရန်တူရင် အိုကေ ပါဘီ :P
စိတ်ချင်းဆက်၍သံစဉ်ချိုပါစေဗျာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

ဖြိုးဇာနည် said...

ဂစ်တာမလို ပီယာနိုမလို
ကာရံတွေပလပွ ဒါရင်တွင်းဂီတပေါ့ဗျာ

လွင်ပြင်လှိုင်းငယ် said...

ဘယ်လိုရေးရေးကောင်းနေပါ့လား မမ၀သုန်ရေ

စံပယ်ချို said...

ဟုတ်တယ်ပျိုးရေ
ကာရံ မတူရင် သံစဉ်တွေခါးပြီးတော့
စိတ်ချင်းပေါင်းဖို့မလွယ်ဘူး

ကေပိုး said...

ငါ့ချစ်ဆုံးလေး.. ကာရန်တူသူလေးနဲ့ အမြန်ဆုံဆည်းပါစေဟာ..
နေလဲ မြန်မြန်ကောင်းပါစေ..

AH said...

ကောင်းချက်.. ထိ၊ မိ၊ ငြိ

Cameron said...

ရင်တွင်းဂီတ အစဉ်ချိုမြပါစေ....။

နွေတေးရှင် (မင်းဧရာ) said...

မှန်လိုက်တာ မ၀သုန်ရယ်......
ကာရန်တွေ တူမှ သံစဉ်တွေ ချိုမြကြတမဟုတ်လား။

Unknown said...

ရေးတတ်လိုက်တာဗျာ ...
တိုတိုလေးနဲ့ ထိမိတယ်
ခံစားသွားတယ် အမရေ...:-)

mstint said...

လိုရင်းတိုရှင်းကဗျာတစ်ပုဒ်အားပေးသွားတယ် ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကြယ်ပြာ said...

ကဗျာလေးက တိုတိုလေးနဲ့ လှလိုက်တာ။ အ၇မ်းကြိုက်တယ် မ၀သုန်ရေ ...