Friday 6 July 2012

အိပ်မက်ပျယ်ချိန်




ပျောက်ရှသွားတဲ့တစ်စုံတစ်ရာ
ပြန်ရနိုင်ဦးမှာလားဆိုတဲ့အတွေး
ခပ်ရေးရေးကလေးမျှ မတွေးချင်….

မနေ့ကဝင်သက် …
ဒီကနေ့ ဝင်သက်…
လတ်ဆတ်တဲ့လေထုထက်ဝက်မှာ
လိမ္မော်ရောင်တွေစွက်နေတယ်..။

ပြောင်းလဲခြင်း နိယာမ
သီအိုရီတွေ ချမပြပါနဲ့
လိုချင်တာက မနေ့က စက္ကန့်တွေ ..။

မြေဆွဲအားနဲ့ လဆွဲအားကြား
ဒီရေတက်ချိန်ခြားခဲ့တာ
ပညတ်တစ်ခုမဟုတ်ခဲ့ပါဘူး …။

နှုတ်ဖျားကစကားတစ်ခွန်း
နှလုံးသားကစကားတစ်ခွန်း
ညီမျှခြင်း အစွန်းမှာမထားလိုဘူး ..
ခြားနားခြင်း ကို ကြောက်လို့ပါ ….။



ပျိုးယုဝသုန်
6:12:26 AM
06-07-2012
Friday (BNE)

5 comments:

ကေပိုး said...

" နှုတ်ဖျားကစကားတစ်ခွန်း
နှလုံးသားကစကားတစ်ခွန်း
ညီမျှခြင်း အစွန်းမှာမထားလိုဘူး ..
ခြားနားခြင်း ကို ကြောက်လို့ပါ …."

နှုတ်ဖျားက မပြောလည်း.. နှလုံးသားနဲ့ နားထောင်တတ်တာနဲ့တင် ခြားနားမှုဆိုတာ ရှာဖွေတွေ့နိုင်ခဲ့တယ်.. ပျိုးရေ..

စံပယ်ချို said...

ပျောက်ရှသွားတဲ့တစ်စုံတစ်ရာ
ပြန်ရနိုင်ဦးမှာလားဆိုတဲ့အတွေး
ခပ်ရေးရေးကလေးမျှ မတွေးချင်-----
တိုက်ဆိုင်တယ်
ကွက်တိပါပဲပျိုးရေ

လွင်ပြင်လှိုင်းငယ် said...

နှုတ်ဖျားကစကားတစ်ခွန်း
နှလုံးသားကစကားတစ်ခွန်း
ညီမျှခြင်း အစွန်းမှာမထားလိုဘူး ..
ခြားနားခြင်း ကို ကြောက်လို့ပါ ….။

မမ၀သုန်ရေ ကဗျာကောင်းလေးတင်ပေးလို့ ကျေးဇူးပါ

မိုးသူ(တောင်ကြီး) said...

ပြောင်းလဲခြင်း နိယာမ
သီအိုရီတွေ ချမပြပါနဲ့
လိုချင်တာက မနေ့က စက္ကန့်တွေ ..။

ကဗျာလှလှလေးဖတ်ခဲ့ရပါတယ်
လူတွေကလဲခက်သာ အတိတ်ချိုချိုလေးတွေကို
တမ်းတတတ်တာ လူတိုင်းလိုလိုထင်ပါရဲ့ နော်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous said...

အိပ်မက်ပျယ်ချိန် အိပ်မက်နိုးချိန်.. ဘာညာကွိကွမသိ
အစားဝင်အောင်စား ရွဲယိုသီးရှာပြီးစား မအိပ်ခင်လေ့ကျင့်ခန်းလုပ်..ဒါဘဲ..။