Friday 11 May 2012

ငါ နှင့် ငါ


တကယ်တော့ငါ
အတ္တဝါဒီတစ်ယောက်ပါ..

အနတ္တဝါဒီလို့ဘယ်လိုပြောပြော
ပရဟိတရယ်လို့ ဘယ်လိုဆိုဆို
အတ္တမှာ အတ္တပိုတဲ့စိတ်
အနောက်မှာတိတ်တိတ်ခိုနေတယ်..

လှူမယ် တန်းမယ် ကူမယ်ညီမယ်
ဒီအတွက်ဘာတွေကျန်မှာလဲ..
သိက္ခာအရကျန်မှာလား
ဥစ္စာဓနကျန်မှာလား
တစ်ခုမကျန် တစ်ခုတော့ကျန်မှ
စိတ်ထဲကတိတ်တဆိတ်
ကျိတ်ပြီးတွက်ချက်ပြီးသားပဲ..

ဘာမှမကျန်ဘူးလား
ဘာမှမလုပ်ဘူး
သက်သောင့်သက်သာအေးအေး
ထမင်းကို နွေးပြီးစားလိုက်မယ်..

ကိုယ့်သိက္ခာကိုယ်မမြင်မကြားတော့
ကျင့်ဝတ်တရားဆိုတဲ့စကား
ရှေ့တန်းချထားလိုက်မယ်..

မလုံတဲ့နေရာတွေ
ဖုံးကွယ်ဖို့ကြိုးစားနေရင်း
ငါ့ တစ်ကိုယ်လုံးမှာလည်း
ဖာထေးရာနဲ့ပြည့်ခဲ့ပြီ ..



ပျိုးယုဝသုန်
8:59:11 PM
11-05-2012
Friday (BNE)

5 comments:

စံပယ်ချို said...

(တစ်ခုမကျန် တစ်ခုတော့ကျန်မှ
စိတ်ထဲကတိတ်တဆိတ်
ကျိတ်ပြီးတွက်ချက်ပြီးသားပဲ).----
ဖာထေးရာတွေ မပြည့်တပြည့်နဲ့ပဲ လာရောက်ဖတ်မိတယ်

ဖြိုးဇာနည် said...

ငါဆိုတာ ငါ့ကိုနှိတ်စက်ဖို့
ငါ့ကိုခိုင်းနေတဲ့ ခန္တာရုပ်ကြီးပါလား
ပေါက်နေတဲ့ ဒဏ်ရာတွေကို
ငါ နဲ့ ငါ ဆိုတဲ့ ကဗျာလေးနဲ့
ဖာထေးသွားပါတယ်

Unknown said...

မှန်လိုက်တာ အမရာ...
ကိုယ်ကိုကိုယ် ပြန်စဉ်းစားမိပါတယ်...:)

မိုးသူ(တောင်ကြီး) said...

မမ၀သုန်ရဲ့ ငါ နှင့် ငါ ကဗျာလေးဖတ်ပြီးတော့

မိုးသူလေ ရုတ်တရက် ကိုယ့် ရဲ့ အဇ္ဇျတ္တ ကို ဖျတ်ခနဲ့ 

ငုံ့ ကြည့်လိုက်မိတယ် ....

အားပါးပါး လောက်ကောင်တွေ အဖွေးသားနဲ့ 

ပုတ်အယ့်နံ့ စော်နေတာပဲ ....

လူဆိုတဲ့ အမျိုးက မမ၀သုန်ပြောသလို

အတ္တ၀ါဒီတွေကို ခင်ဗျ.....

ကျွန်တော်လဲ ဘာမှမရှိခြင်းတွေထဲက

အတ္တတွေ သုတ်လိမ်းထားတဲ့ လူတယောက်ပဲမို့ လေ

ဒီကဗျာလေးဖတ်ရလို့ 

မမ၀သုန်ကို မိုးသူကျေးဇူးအများကြီးတင်ပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Unknown said...

ကောင်းလိုက်​အ​တွေး