Wednesday 9 May 2012

ကလေးကဗျာများ (၂၃) - တီကောင်




တွန့်တွန့်ကွေးကွေး
တီကောင်လေး
အရောင်နီစွေးစွေး..။

သစ်ရွက်ကြွေတို့
အောက်ခြေတွင်
သူတို့အိပ်ရာဝင်..။

မြေကိုစားကာ
ပြန်အန်ထား
စိုးရိမ်တတ်သူများ..။


ပျိုးယုဝသုန်
11:55:29PM
09-05-2012
Wednesday (BNE)

6 comments:

Cameron said...

မမ၀သုန်ရေးတဲ့ ကလေးကဗျာလေးတွေ အကုန်ကြိုက်တယ်....။ တီကောင်ကလေးတောင်ချစ်စရာလေး ဖြစ်သွားတယ်...း)

မိုးသူ(တောင်ကြီး) said...

မိုက်ဒယ် အဓိပ္ပါယ်လေးကြိုက်တယ်

လွင်ပြင်လှိုင်းငယ် said...

မိုးငွေ့ပြောသလိုပဲ လွင်ပြင်လဲ မမ၀သုန်ကဗျာတွေအားလုံးကြိုက်တယ်

ဖြိုးဇာနည် said...

မကြီးဝသုန်တီကောင်အကြောင်း
အတော်လေ့လာထားတာပဲ့
တီကောင်ကစားပြီးပြန်အန်တတ်တာ
ခုမှသိတယ့်ကဗျာလေးလှတယ်

ကေပိုး said...

တီကောင်က ပြန်အန်တော့.. ဓာတ်မြေသြဇာ ဖြစ်တယ်ပေါ့.. ဒါနဲ့ ဘာလို့ စိုးရိမ်တတ်သူများ ဖြစ်သွားတာလဲဟင်..

စံပယ်ချို said...

မြန်မာကဗျာစစ်စစ်လေးတွေဖတ်ရလို့
ကျေးကျေးပါပျိုးရေ