Saturday 5 May 2012

ချစ်သူ




ချစ်သူဆိုတာ
အပြစ်ယူဖို့ ငြူစူဖို့ မဟုတ်ဘူး။

ချစ်သူဆိုတာ
တလွဲမာန ဒေါမာန်ထဖို့ မဟုတ်ဘူး။

ချစ်သူဆိုတာ
သံသယအတွေးနဲ့ ရန်စပေးဖို့မဟုတ်ဘူး။

ချစ်သူဆိုတာ
စကားနဲ့စီး လုံးကြီးတင်ဖို့ မဟုတ်ဘူး။

ချစ်သူဆိုတာ
ဟန်ဆောင်အပြုံးနဲ့ သကာဖုံးဖို့မဟုတ်ဘူး။

ချစ်သူဆိုတာ
စိတ်မှာကျိတ်ခဲ နာကျည်းနေဖို့လည်းမဟုတ်ဘူး။

အဆင်းအတက်
လက်ချင်းယှက်ယူ
အပူအအေး
ရှောင်မပြေးပဲ
ရဲရင့်ရင်ဆိုင်
ထိုပန်းတိုင်သို့
တွဲလို့ယူခေါ်
ဘဝဖော်အဖြစ်
ချစ်ကြသူများ ဖြစ်ပါစေ။



ပျိုးယုဝသုန်
7:56:52 PM
05-05-2012
Saturday(BNE)

4 comments:

စံပယ်ချို said...

ချစ်သူကဗျာ လေးကိုဦးဦးဖျားဖျားခံစားလိုက်ရတယ် မှန်တဲ့အကြောင်းတွေဖွင့်ဆိုထားတာမို့အရမ်းကောင်းပါတယ်

Lps said...

ကဗျာလေးအားပေးခဲ့ပါတယ် မမ၀သုန်

ဖြိုးဇာနည် said...

မှန်လိုက်လေဗျာ ကူးသွားပါတယ်
တစ်ယောက်သာသူကိုဖတ်စေချင်လွန်းလို့
ကျေးဇူးပါ မကြီးဝသုန်ရေ

ကေပိုး said...

အဆင်းအတက်
လက်ချင်းယှက်ယူ
အပူအအေး
ရှောင်မပြေးပဲ
ရဲရင့်ရင်ဆိုင်
ထိုပန်းတိုင်သို့
တွဲလို့ယူခေါ်
ဘဝဖော်အဖြစ်
ချစ်ကြသူများ ဖြစ်ပါစေ... ဆိုသလိုမျိုး.. ချစ်သူလေးတစ်ဦး ပိုင်ဆိုင်နိုင်ပါစေ..