Friday 4 May 2012

နေပျော်ကြသူများ




ငါးပိကိုကင်
ငါးကိုနွှင်
ဘယ်ကိုပြင်လို့ ပေးမည်နည်း..။

အရုဏ်မလင်း
နေမပြင်းခင်
တောထဲဝင်ဖို့ပြင်ရတယ်။

ငရုပ်တစ်ဆုတ်
ငပိဖုတ်
ကြုတ်ကြုတ်မည်လို့ ဆာလိမ့်မယ်..။

နွှင်တဲ့ငါးပြုတ်
အရိုးထုတ်
ဟင်းချိုလုပ်လို့ မံခဲ့တယ်..။

တောတက်ယောက်ျား
ထင်းခုတ်သွား
မနက်စားဖို့ပြင်ရတယ်..။

နေထန်းတစ်ဖျား
ရောက်သော်ငြား
စားရန်ထမင်းထုပ်ရတယ်..။

တောရွက်တောသီး
ခူးယူပြီး
မောင်ကြီးပြန်တော့သယ်ခဲ့မယ်..။

ညနေစောင်းတွင်
ရွာကိုဝင်
မျက်နှာမြင်လို့လှစေ့မယ်..။

နိစ္စဓူဝ
ဤဘဝ
ငတို့ နေလို့ပျော်ကြတယ်..။


ပျိုးယုဝသုန်
6:12:25PM
04-05-2012
Friday(BNE)


3 comments:

လွင်ပြင်လှိုင်းငယ် said...

မမ၀သုန်ရေ ဘယ်လိုရေးရေးကောင်းနေပါ့လား တော်လိုက်တာ
ချစ်ခင်အားပေးလျက်

စံပယ်ချို said...

တောသဘာဝလေးနဲ့ မြန်မာကဗျာစစ်စစ်ဆိုတာကို
အဲလိုဖေါ်လွင်အောင်ရေးတတ်တဲ့
မမကို အာဘွား

နွေတေးရှင် (မင်းဧရာ) said...

ဟားးးးးးးး
ကဗျာကိုဖတ်ပြီး ရွာကိုပြန်မြင်မိလေရဲ့ဗျာ
ကျွန်တော်တို့ရွာမှာက အဲလိုပါဘဲ။