Wednesday 2 May 2012

အသက်ရှူ မဝခြင်းများ



အိမ်ပြင်မှာလေမတိုက်ပါဘူး
အမှိုက်တွေတော့လွင့်နေတယ်..
တဖက်သတ်ဖွင့်ထားတဲ့တံခါးမှာ
အမှားအမှန်အတွက် . ချောင်းကြည့်ပေါက်တော့ရှိသင့်တယ်….
ကမ္ဘာမြေဟာ ခြေတနေရာစာအတွက် ရိုးသားမှုကိုတောင်းနေတယ်…
ဟန်ဆောင်ရိုးသားမှုတွေကြား
 ပေးထားရတဲ့နေရာတွေအတွက်
သူ့အတွက်တစ်နေရာစာလည်း  သူ့မှာမကျန်တော့ဘူးပဲ ..
သားရေထည်မှသုံးသူတွေနဲ့  မပြေလည်မှရုန်းသူတွေ
စိန်ရွှေထည်လဲသုံးသူတွေနဲ့  အိမ်ခြေမတည်မြဲတဲ့သူတွေ
လချင်းအတူတူမှ လကြီး (ဠ) ဖြစ်ခွင့်ရသူတွေကြားမှာ
ဝင်ပေါက်ဟာလည်းထွက်ပေါက်သာပဲဖြစ်ခဲ့တယ်…
နဖူးကချွေးမြေကျမှ ထမင်းအိုးတည်ခွင့်ရသူတွေ
အခြေအနေ အမျိုးမျိုးနဲ့ ဘလက်ခ်ဟိုးလ် (Black Hole) ရှိသူတွေ
စဉ်းစားမရတဲ့ အပြင်းစားရသတွေကြား
အတွေးများရင်း
မော …သွား …ခဲ့…. တာ
ကြာ……….ပါ……….ပြီ...။







ပျိုးယုဝသုန်
ခေတ္တ (BNE)

5 comments:

Cameron said...

ဒီတစ်ခါ ကဗျာလေး မော်ဒန်ဆန်တယ်...လူနေမှုဘ၀ကို လှလှပပ တင်ပြသွားနိုင်တယ် တော်ချက် နာ့ သယ်ရင်းကတော့...။

စံပယ်ချို said...

ကဗျာလေးက မော်ဒန်ပါတယ်နော်
ဘ၀နဲ့တွဲရက်လေး

ဖြိုးဇာနည် said...

မကြီးဝသုန်တို့ကတော့တကယ်ပါပဲ
အရမ်းရေးတတ်ပါလားးးးးးးးး
တကယ်အသက်ရူ ကျပ်သွားတယ်
နှစ်ခါပြန်ဖတ်မိတယ်

mstint said...

ကဗျာကောင်းလေးဖတ်သွားပြီ ဝသုန်ရေ။
အမြဲအားပေးလျှက်ပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

San San Htun said...

ဖတ်ရင်း မောသွားတယ် မမဝသုန်ရေ