Monday 30 April 2012

အိမ်


ရိုးသားမှုနဲ့တည်
ယုံကြည်မှုနဲ့ဆောက်
မဖောက်ပြားတဲ့နှလုံး
မပျက်သုဉ်း တဲ့မေတ္တာ
သစ္စာကို အလံလွှင့်
ကရုဏာ ဖန်ခါဆင့်တဲ့
ချစ်ခြင်းရဲ့အိမ်…




ပျိုးယုဝသုန်
2:56:20 PM
30-04-2012
Monday(BNE)

9 comments:

လွင်ပြင်လှိုင်းငယ် said...

မမ၀သုန်တို့ကတော့ ကဗျာကောင်းတွေ အရမ်းရေးနိုင်တာပဲ

Cameron said...

မီးမီးသူငယ်ချင်းပဲလေ...ဒီလောက်တော့ရှိရမယ်...ကိုလွင်ပြင်ရေ...း))

ဧဒင်အချစ်ပုံပြင် said...

ဒီကဗျာလေးကိုကြိုက်နှစ်သက်ခဲ့ပါတယ်....

ကိုရင် said...

တိုပေမဲ့ အဓိပ္ပါယ်ရှိတယ်..
ပိုးနှံကောင်အစစ်ပဲ..သေးသေးနဲ့လည်း နံပါပေတယ် :D

မိုးသူ(တောင်ကြီး) said...

အဲလိုနွေးထွေးတဲ့
ချစ်ခြင်းရဲ့ အိမ်လိုမျိုးလေးမှာ
နောက်ဘ၀တွေများလူပြန်ဖြစ်ရင်
နေချင်သေးပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ပြီးတော့လေ ကိုယ်ဘယ်အခြေနေ ရောက်ရောက်၊ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ အပြစ်မမြင်ဘဲ အမြဲတမ်း ရင်ဖွင့်ကြိုနေတာ အိမ်ပါပဲလို့ မြတ် နားလည်ခဲ့ရပြီ။

ခင်တဲ့
မြတ်

စံပယ်ချို said...

ကဗျာလေးကတိုတယ်
ရင်ထဲထိတယ်

ဖြိုးဇာနည် said...

ပိုးနှံကောင် အစစ်ဗျ

လာရူတဲ့လူတွေလဲ များသကိုးးးးဟဟဟ

San San Htun said...

ကဗျာလေးက လှလိုက်တာ