Sunday 29 April 2012

ဥပေက္ခာရပ်ဝန်း





အဆိပ်တက်လို့
အိပ်ပျက်ခဲ့တဲ့
အရိပ်မဲ့နေ့ညရှည်ခဲ့ပြီ…

အလွမ်းရက်ဆက်
ပန်းတစ်ခက်လည်း
နွမ်းလျက်မောပန်း နေခဲ့ပြီ...

ကန္တာလမ်းကြမ်း
ငါဖြတ်သန်းခဲ့
ရေချမ်းတစ်စက်လိုခဲ့ပြီ…

အရိပ်အယောင်
ဤမိုးမှောင်လည်း
ရွာဟန်ဆောင်လို့ ပြေးခဲ့ပြီ…

လမ်းပန်းမသာ
ငါ့ကမ္ဘာ
ထွက်ခွါသူသာများခဲ့ပြီ…

ငါလည်းတစ်နေ့
ကျောခိုင်းရွေ့မယ့်
နေ့ရက်တွေလည်း နီးခဲ့ပြီ…

နှုတ်ဆက်စကား
ငါပြောသွားလည်း
နာကြားသူကမဲ့ခဲ့ပြီ…


ပျိုးယုဝသုန်
7:34:36 PM
29-04-2012
Sunday (BNE)

6 comments:

စံပယ်ချို said...

နှုတ်ဆက်စကားငါပြောသွားလည်းနာကြားသူကမဲ့ခဲ့ပြီ…----
နုတ်ဆက်စကား မကြားလိုပါနော်

ဖြိုးဇာနည် said...

နှုတ်ဆက်မဲ့စကားဆိုရင် အတန်းထဲကဆရာမစာသင်ပြီး
ထွက်သွားတဲ့အချိန်ပဲ ပြောချင်ပါရဲ့

လွင်ပြင်လှိုင်းငယ် said...

မမ၀သုန်ကဗျာလေးတွေက ဘယ်ချိန်ဖတ်ဖတ်ကောင်းနေတာပဲ

မိုးသူ(တောင်ကြီး) said...

ကဗျာလေးတွေကနူးနူးညံ့ညံ့လေးတွေခံစားရတာ
မိုးသူရဲ့ စိတ်ကိုပါ နူးညံ့စေပါတယ်
ကျေးဇူးပါ မမ၀သုန်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

San San Htun said...

ဒီကဗျာလေးကို ကြိုက်တယ်..

နွေတေးရှင် (မင်းဧရာ) said...

ကဗျာချိုလက်
ရင်နှင့်စပ်၍
ပင့်သက်ကဲဖြာ
မျှော်နေရှာသူ
ဆောင်ယူနေခြည်
နွေးစေရည်၏.....။