Saturday 17 March 2012

ဘာမြူဒါ မှာ နေသည်



ဒီနေ့ကျောင်းဆင်းတော့ တရုတ်တန်းကို ၀င်လိုက်တယ်၊ အိမ်မှာစားစရာက ခါလီပြနေပြီလေ။

ဒါနဲ့အသားနဲနဲဝယ်ဦးမှဆိုပြီ တရုတ်ဆိုင်ထဲဝင်ပြီးဒေါ်မြရင် ၀က်အူချောင်းလိုမျိုး ၀က်အူချောင်းဝင်ဝယ်တယ်။

အဲ့ ဆိုင်မှာရောင်းနေတာက ဘာဘူလတ်... အဟိ

ကိုယ်ကလည်း ရင်ဘတ်မှာတပ်ထားတဲ့နာမည်ကိုမဖြုတ်မိဘူး

ဒါနဲ့ ဒင်းက အလာပ သလာပ မေးတာပေါ့

ဘယ်ကလဲ ..ဘာညာ..

ကိုယ်ကလည်း ဘားမား ကလို့ပြောတာပေါ့

ဒီတော့ ဒင်းက သူ့မှာလည်း ဘာမားက သူငယ်ချင်းတယောက်ရှိတယ်တဲ့

ကောင်းတာပေါ့ လို့ပြန်ပြောရင်းငွေချေဖို့ကဒ် ကိုပေးလိုက်တယ်..

သူက ဘာမားက ဘယ်နားလဲ တဲ့..

ကိုယ်လည်း ဂိုးလ်ဒန်းထရိုင်အန်ဂယ်လ် နားမှပဲလို့ပြောလိုက်တာ ...ခွိစ်..

ဒါကိုသကောင့်သားက  သြော်.. ဘာမြူဒါ နားမှာကိုး  တဲ့ ....

သေရော.. ငါ့ကို ဘာမြူဒါ အရောက်ပို့တဲ့ဘာဘူ.. နုတ်နုတ်စဉ်းပစ်ရမယ်...  


ပျိုးယုဝသုန်

ခေတ္တ(BNE)

6 comments:

စံပယ်ချို said...

သူတို့တွေများက
ဘာမြူဒါမှာတောင်နေသတဲ့တော်ရေ
ချစ်တဲ့ jasmine

:P said...

:))))

ရင်ဆူး said...

ဘာမြူဒါ မှာနေတဲ့ မမ၀သုန် စာလေးဖတ်ပြီး သဘောကျသွားပါတယ်.....

ကြယ်ပြာ said...

ဘာမြူဒါမှာ နေတာ ဘယ်လောက်ကြာပြီလဲဟင်?? ခွိ ခွိ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အကြောင်းအမျိုးမျိုးကြောင့် မရောက်တာ ကြာသွားပေမယ့် အခု သတိတရနဲ့ စာလာဖတ်သွားပါတယ် ဝသုန်။

ရွှေတြိဂံနယ်မြေလို့ ပြောတာကို ဘာဘူလတ်က တြိဂံပဲကြားပြီး ဘာမြုဒါထင်သွားတာကိုးး

ခင်တဲ့
မြတ်

San San Htun said...

နောက်ဆို Between Thailand, China & India လို့ ပြော မမဝသုန်ရေ..အဲဒီ၃နိုင်ငံကျတော့ သိပြီး မြန်မာနိုင်ငံကိုတော့ သိဘူးတဲ့လေ..ကောင်းရော