Friday 13 January 2012

ဗြုတ်စဗျင်းတောင်းမမဝသုန်နှင့်သူ၏လွဲဖော်လွဲဖက်သူငယ်ချင်းများ (သရက်သီးရိုက်ခြင်း)



သရက်သီးရိုက်ခြင်း..


နွေရာသီရောက်လာပြီဆိုရင်သရက်ပင်တွေမှာသရက်ပန်းတွေဝေေ၀ဆာဆာပွင့်လာခဲ့ပါတယ်..သရက်ပင်မြင်လျင်မနေနိုင်တဲ့အင်မတန်မြန်မာဆန်သောစိတ်ရှိကြသောကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူစီစီတို့ဘယ်နေရမှာသရက်ပင်နိမ့်တယ်သရက်ပွင့်တွေများတယ်..သရက်ပင်တွေများတယ်ဆိုတာကြည့်ပြီးရှုပြီးဖြစ်ပြီးဖြစ်သည်…


မကြာခင်ကာလမှာပဲသရက်ပန်းများမှတဆင့်သရက်သီးကင်းပေါက်စလေးတွေကိုစတင်မြင်ရသောအခါမိမိကိုယ်ပိုင်အပင်မှာအသီးတင်သကဲ့သို့ကျွန်ုပ်တို့နှစ်ယောက်ပျော်ရွှင်ခဲ့ကြသည်..



ထိုမှတဖန်များမကြာသောကာလတွင်သီးကင်းပေါက်စလေးများမှတဆင့်တို့စား၍ရသောသရက်သီးကင်းများဖြစ်လာကြသည်..ထိုအခါတွင်ကျွန်ုပ်တို့နှစ်ဦးစိတ်တွင်နေမထိထိုင်မသာသရက်သီးကင်းစားချင်သောအာသီသများဖြစ်ပေါ်လာကြသည်..စားချင်သည်ဆိုခြင်းထက်ခူးချင်သည်ဆိုကပိုမှန်မည်ဖြစ်သည်..


Brisbane City Council သည်မည်သို့သောစိတ်ကူးနှင့်သရက်ပင်များကိုလမ်းဘေးတွင် စိုက်ပျိုးသည်ကိုမသိသော်ငြားလည်းဤသို့စိုက်ပျိုးထားသည်ကိုကျွန်ုပ်တို့လွန်စွာနှစ်သက်ကြသည်..ကျွန်ုပ်တို့သည်သရက်သီးအကြီးကိုမကြိုက်ကြပါ..သရက်သီးအမှည့်ကိုလည်းမကြိုက်ကြပါ..သို့သော်သရက်သီးပေါက်စများကိုမူထက်ခြမ်းခွဲ၍ရေအေးထဲတွင်စိမ်ပြီးငပိထောင်းနှင့်ဖြစ်စေ..ငရုပ်သီးစိမ်းကင်ထောင်းထည့်ထားသောငပိရည်နှင့်ဖြစ်စေစားရသည်ကိုအင်မတန်နှစ်သက်မြတ်နိုးကြသည်…


တစ်နေ့ Chermside West  ရပ်ကွက်တွင်းရှိ Shopping Compound တစ်ခုတွင်ဈေးဝယ် ပြီးပြန်အထွက်…လမ်းနဘေးတွင်စီတန်းနေသောသရက်ပင်ပုပုကလေးများသည်ကျွန်ုပ်တို့နှစ်ဦးအားလာပါ..ယူပါ..ခူးလှည့်ပါဟုဖိတ်ခေါ်နေသကဲ့သို့အသီးကင်းများနှင့်ပြည့်နှက်စွာတည်ရှိနေသည်..ကျွန်ုပ်တို့နှစ်ဥိးလည်းအနှီနှစ်သက်မြတ်နိုးဖွယ်သရက်သီးကလေးများအားအရွယ်ခပ်ကြီးကြီးများကိုချန်၍ကားထဲတွင်ပါလာသောသံပိုက်လုံးဖြင့်ရိုက်တန်ရိုက်..ခူးတန်ခူးဖြင့်အင်မတန်မှပျော်ရွင်ခဲ့ကြသည်..


ကြွတ်ကြွတ်အိတ်တစ်လုံးစာနီးပါးရသောအခါအခြားသူများလည်းခူးချင်စားချင်လျင်စားနိုင်စေရန်ဆက်လက်မခူးတော့ပဲပြန်လာခဲ့ကြသည်..ပိုက်လုံးနှင့်ရိုက်ချစဉ်အခါကကျလာသောအရက်သီးကင်းများနှင့်အတူသရက်စေးများလည်းကျွန်ုပ်တို့၏မျက်နှာ..လက်..ပခုံး..လက်မောင်းပေါ်သို့စင်ကျထင်ကျန်ခဲသည်ဖြစ်သည်..


အိမ်ပြန်ရောက်သောအခါကျွန်ုပ်တို့နှစ်ဦးသည်ငါးမြင်းဆီပြန်ကိုမကျီးရည်နဲနဲမာဆလာနဲနဲအုပ်ချက်ထားသောဟင်း..ပဲနီလေးနှင့်ကြာဆံဟင်းချို...မုန်လာဥသုတ်…ငရုပ်သီးကိုကင်၍ထောင်းထည့်ထားသောငပိရည်..ခူးလာသောသရက်သီးကင်းကျွတ်ကျွတ်များဖြင့်တစ်ယောက်ကိုထမင်း၂ပန်းကန်၃ပန်းကန်စားပြီးသကာလလက်ဖက်ရည်အချိုသောက်ကာဆက်ရက်မင်းစည်းစိမ်နှင့်မလဲနိုင်သောကျေနပ်ခြင်းများဖြင့်လက်ဖက်သုတ်လေးစားရင်းရေနွေးကြမ်းလေးသောက်ရင်းဖြင့်ငှားထားသောတရုတ်ကွန်ဖူးကားများကိုထိုင်ကြည့်ရင်းညည့်နက်လာသောအခါသူငယ်ချင်းလည်းအိမ်ပြန်၍ကျွန်ုပ်လည်းအိပ်ရာဝင်ခဲ့သည်…


မနက်၎နာရီလောက်ရောက်သောအခါစားထားသမျှသောအစားအစာများသည်ရှိသမျှပညာကိုထုတ်သုံး၍ကျွန်ုပ်တို့၏၀မ်းဗိုက်အားကောင်းစွာစတင်ဒုက္ခပေးကြသည်..ကျွန်ုပ်တင်မဟုတ်ချစ်လှစွာသောတေဖော်တေဖက်ကျွန်ုပ်၏သူငယ်ချင်းလည်းထပ်တူထပ်မျှသောဝေဒနာကိုခံစားရလေသည်..အဘယ်အရာကဒုက္ခပေးသည်မသိသော်လည်းကျွန်ုပ်တို့သည်နောက်တစ်နေ့မနက်တွင်ချောင်ကျသောမျက်တွင်းနှင့်ငိုက်မျည်းသောမျက်လုံးအစုံတို့ဖြင့်ကျောင်းမသွားနိုင်..အလုပ်မသွားနိုင်ဖြစ်ကြရသည်..သို့သော်ထိုမျှသောအရာသည်ကျွန်ုပ်တို့အားသရက်သီးခူးလိုခြင်းကိုရပ်တန့်စေခြင်းငှာမစွမ်းသာပေ..


ထိုထက်ဆိုးသည်ကားသရက်သီးခူးစဉ်ကစင်ကျထင်ကျန်ခဲ့သောသရက်စေးများသည်ကျွန်ုပ်၏အရေပြားကိုနောက်တစ်နေ့တွင်ကောင်းစွာသောပူလောင်ခြင်းကိုပေးလေသည်….မီးလောင်ဖုများကဲ့သို့ဖြစ်လာပြီးလျင်၎ရက်ကြာမျှပူစပ်သောဝေဟနာကိုခံစားခဲ့ရလေသည်..ထို့ပြင်အင်မတန်မလှပသောအနာရွတ်များသည်၁လကြာမျှအရေပြားပေါ်တွင်စွဲထင်ကျန်ခဲ့လေသည်..


ထိုနေ့မှစ၍ကျွန်ုပ်သည်အင်မတန်နှစ်သက်လှသောသရက်သီးရိုက်ခြင်းကိုစွန့်လွှတ်ခဲ့သည်..ကျွန်ုပ်၏သူငယ်ချင်းသည်လည်းထိုနေ့မှစ၍ကျွန်ပ်အားသရက်သီးသွားရိုက်ရန်အဖော်မစပ်တော့ပေ…


သရက်သီးကင်းကလေးများသည်ငရုပ်သီးကင်ထောင်းထည့်ထားသောငပိရည်နှင့်စားလျင်အင်မတန်ကောင်းပေသည်..ထို့အတူသရက်စေးများသည်လည်းအရေပြားပေါ်တွင်တစ်လမျှကြည့်မကောင်းသောအနာရွတ်များကိုဖြစ်စေတတ်ပေသည်..



မမ၀သုန်
10:36:05
13-01-2012
Friday(BNE)




2 comments:

မောင်ဘုန်း said...

ပဲနီလေးနှင့်ကြာဆံဟင်းချို.. ... စားချင်တယ် ဗျာ စာတွေ ဖတ်ရင် သတိရသွားပြီး ....

ကိုကိုလတ် said...

ကြွေကျတာလေးနဲ့  ပဲ တို့ စားတာ မဟုတ်ဘူး။ ဟဟ။

ကျနော်လည်း သရက်သီး စိုင်သီး အကင်းလေးတွေနဲ့  ငပိရည် တို့ စားတဲ့ အကြောင်း ရွာကလေး ပိုစ့် တစ်ခုမှာ ရေးဖူးတယ်။ တကယ်လည်း စားကောင်းတယ်ဗျ။ ရွာ ငပိချက်နဲ့  သရက်သီး အကင်းလေးတွေ ရေစိမ်ခွဲပြီး တို့ လိုက်တာများ ထမင်း လူကြီး ၂ ယောက်စာ ကုန်တယ်။ :D