Sunday 15 January 2012

ငွေ့ရည်ဖွဲ့၍ငိုမယ့်တိမ်



တငွေ့ငွေ့သိမ်း
တယိမ်းယိမ်းယိုင်
အစိုင်အခဲ
ရင်ထဲကြွေကျ
နာရဝေဒနာ
ခါခါထိမိ
မှတ်မရှိ
နောက်ဒဏ်ရာကို ..ကြည့်ခဲ့တယ်  …

တစတစ
ဖွဲ့တည်ကြသား
ခံစားချက်တိမ်
ရင်တွင်းအိမ်မှာ
ခါခါပြည့်တင်း
လွတ်မြောက်ခြင်းလည်း
ရှာဆဲမရ
ဝေးကွာလှသည်
ဖွဲ့သောတိမ်များညိုခဲ့ပြီ …

ပျိုးယုဝသုန်
08:12:54 PM
15-01-2012
Sunday(BNE)

1 comment:

နွေတေးရှင် (မင်းဧရာ) said...

ကဗျာ လေးတွေကို လိုက်ဖတ်နေတာဗျာ
ဖတ်ပြီးခဲ့တဲ့ ကဗျာလေးတွေထဲမှာတော့ ဒီကဗျာလေးကို တော်တော်လေးကြိုက်မိတယ်
အဖြတ်အတောက် အတက်အဆင်း ခပ်မျှင်းမျှင်းလေးဆွဲဆန့်ထားတာ တစ်ပုဒ်လုံးကြိုက်တယ်။