ကိုယ့်ရင်ကိုကိုယ်ခွဲ
ကိုယ့်အသည်းကိုယ်ပင်ကင်
ယဇ်ပလ္လင်ကိုဆင်ယင်ထား
ကိုယ်အသားကိုယ်ပြန်မျို
ကိုယ့်အသက်ကိုယ်မလေး
ကို်ယ့်သွေးကိုယ်ခါခါလျက်
ပလ္လင်ထက်ကမျက်နှာ
ချိုမြမှုမရှိတာက
အော့နှလုံးနာစရာကောင်းလှတယ်…
ပျိုးယုဝသုန်
10:10:40PM
27-01-2012
Friday (BNE)
5 comments:
ကိုယ့်ကိုကိုယ်ယဇ်ယူဇော်နေတဲ့သူကို မြင်ကြည့်မိတယ်
မမ၀သုန်ကတော့ ကဗျာလက်စွမ်းတွေပြနေပြီ...။
ကောင်းလိုက်တဲ့ကဗျာလေးပါဗျာ
ကိုယ့်ပုဆိုးကိုယ်နင်း
ကိုယ့်ဂိုးကို ကိုယ်တိုင်သွင်း
ဒိုင်လူကြီးကို ဟန်ဆောင်ပြ
ကိုယ့်လူကို ကိုယ်ပြန်ချ
ကိုယ့်ဂိုးသမားကို ကိုယ်ပြန်သမ
ကို်ယ့်ပရိတ်သတ်ကို အော်အော်ဆဲ
ဘောလုံးကွင်းထဲကမျက်နှာ
ခပ်တည်တည်မရှိတာက
သောက်ခွက်ပြောင် ရိုက်ချင်စရာကောင်းလှတယ်…
(ကဗျာကိုဖျက် ကဗျက်ဆရာ မောင်စိုးထက်)
အပြင်းစားအရက် တစ်ခွက်လို ..
Post a Comment