Tuesday 10 January 2012

လမ်းသစ် ... ဆီသို့





အပြစ်ကင်းတဲ့
ချစ်ခြင်းရဲ့တစ်နေရာ
အရောက်လာ လှမ်းကာသွားမယ်ကွယ့်
အေးရိပ်သာယာ 

ဘဝမှာ
ရုပ်ဝါဒအစွဲ
ဖြတ်ရဲစေ ရုန်းနိုင်ရဲစေဖို့
တောင်းဆုခြွေမြဲ  ….

ပန်းခင်းတဲ့ လမ်းအိုအို
မုန်တိုင်းညို မိုးဒဏ်အောက်မှာ
ပျောက်ခဲ့ပြီကို ..

မျက်ရည်စို
ငိုပါနဲ့ယမင်း
လင်းပွင့်လာ နေရောင်အောက်မှာ
လမ်းသစ်ကိုခင်း …

ပျိုးယုဝသုန်
7:40:22 PM
16-12-2011
Friday (BNE)

No comments: