Monday 5 December 2011

သောက ခရီးသည်


တိမ်ညိုမှိုင်းစဉ်
လေပြည်ဝင်ကာ
ပြာရည်ရွှန်းလက်
ကောင်းကင်ထက်တွက်
တိမ်မင်အုံ့ဆိုင်း
မှုံရည်မှိုင်းပြီ
ခရီးဘယ့်နှယ်ဆက်ရမည် …
ရောင်နီလာနိုး
သူမျှော်ကိုးကာ
ကမ်းပါးနှင့်ချောက်
မှောင်နောက်နောက်ထဲ
ဖြတ်ဖို့ခဲခက်
သောကစွက်ပြီ
အိုဘယ့်သောကခရီးသည် …

ပျိုးယုဝသုန်
(ရန်ကုန်)

No comments: