ဘ၀ဆိုတာ
ဘာမှန်းငါမသိပါဘူး
ဒါပေမယ့်ငါ့အသိ
ငါ့စိတ်မှာရှိတာက
ငါမြတ်နိုးရာ
ငါ့ကမ္ဘာပေါ့ …
ကူမာမိုတိုအိုဆာကာ
ဘယ်နေရာမှ
ငါမသွားချင်လှပါဘူး
ငါချစ်တာကမြန်မာ
သို့မဟုတ်
ရွှေရည်လွှမ်းတဲ့ကမ္ဘာ …
ငါမြတ်နိုးတဲ့နေရာ
ငါပျော်မွေ့တာမဆန်းပါဘူး
ဒါ ..ငါရူးတာမှမဟုတ်တာ …
အတ္တကိုလွန်ဆွဲ
အပွဲပွဲနွဲပြီး
အစွဲတွေကိုလက်မလွှတ်
မချွတ်တမ်းယှဉ်ပြိုင်
နောက်ဆုံးဘယ်သူနိုင်သလဲ …
အရာဝတ္ထုအတွက်အတ္တ
စိတ်တစ်ခုရဲ့အစ္ဖျတ္တ
ကမောက်ကမတွေဖြစ်
ဒါပေမယ့်ငါ့ချစ်တာက
ငါ့ရဲ့အဟောင်းကမ္ဘာ
ပြီးတော့ …
ငါ့ရဲ့မြန်မာ …
ပျိုးယုဝသုန်
(ရန်ကုန်)
No comments:
Post a Comment