Saturday 24 December 2011

ကလေးကဗျာများ (၁၄)



မေမေရယ် မေမေရယ်
ကျောင်းကိုသွားတော့မယ် …
လွယ်အိတ်ထဲမှာ ပြင်ဆင်ထား
စာအုပ် ခဲတံ များ  …
ခဲဖျက်ကြားနဲ့ပေတံမှာ
မရှိမဖြစ်ပါ  ..
နေ့လည်စာကို ယူပါလို့
ကျောင်းကိုသွားပြီဗျို့  ..
မြန်မြန်ပို့ပါ့ ဖေဖေရာ
ကျောင်းနောက်ကျမယ်ဗျာ…
စက်ဘီးယာဉ်မှာတင်ကာသွား
ဖေဖေ့ရင်ခွင်ကြား  …
စာသင်ကျောင်းသား တူတူနော်
သူငယ်ချင်းအဖော် …
ကျောင်းနေပျော်လို့ စာတွေရ
သားငယ် ပထမ  …

ပျိုးယုဝသုန်
10:41:41
24-12-2011
Saturday (BNE)

2 comments:

:P said...

သမီးလေးကြီးရင် သင်ပေးဖို့ ဒိဘလော့က ကလေးကဗျာလေးတွေကို အမှတ် ၇ ထိ လင့်ခ်နဲ့တကွ Face Book မှာရော၊ စက်ထဲမှာရော သိမ်းထားတယ်။ အသစ်တွေကိုထပ်သိမ်းရအုံးမယ်။
အရင်တလောက Face Book မှာပဲ ဖတ်လိုက်ရတာ ပျိုးယုဝသုန်နာမည်နဲ့ပဲ (ထင်တယ်..သိပ်တော့မသေချာ) ။ နာမည်ရိုက်ပြီး ရှာကြည့်သေးတယ်.. မတွေ့လို့...။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဟုတ်ကဲ့ ..ရပါတယ် .. ယူပါ .. ကလေးတွေအတွက် ရည်ရွယ် ထားတာလေးတွေပါ .. facebook မှာကတော့ friend only ပဲလုပ်ထားတာဆိုတော့ အပြင်လူတစ်ယောက် အနေနဲ့က ၀င်ဖတ်လို့မရဘူးပေါ့ရှင် .. အဆင်မပြေဖြစ်သွားတာ စိတ်မကောင်းပါဘူး ..