Thursday 8 December 2011

မိုး အလင်္ကာ




မိုညိုလို့မိုးမပြို
မိုးပိုလို့ကဲ
မိုးမဲတိမ်မာန်ကိုဝင့်
မိုးလွင့်မှာပဲ…
မိုးသောက်လို့မိုးမခေါင်
မိုးမှောင်လို့သည်း
မိုးစဲနေတိမ်ကိုလွှင့်
မိုးပွင့်ဝေဆဲ …
မိုးမည်းလို့ရွာပါစေ
မိုးလေကိုအဖော်ထား
မိုးသားကြားစေ ..
မိုးတွေလည်းစွေ
မိုးလေမှာမာန်အဆင်း
မိုးမင်းသူပျော်လို့
မိုးညို့ကာအဗ္မုန်ခတယ်
မိုးလ၀ါပဲ …

ပျိုးယုဝသုန်
09:17:18 PM
08-12-2011
Thursday (BNE)


1 comment:

:P said...

ရေးးတတ်လိုက်တာ....
မိုးနဲ့ပတ်သက်တဲ့ဝေါဟာရလည်း ကြွယ်ဝပါပေတယ်