Tuesday 30 August 2011

' နွေအလွန် '



နွေရက်တွေကျော်လို့
ရော်ရွက်တွေကြွေခဲ့ပြီ.. 
မျှော်မမက်ပါဘူး
သြော် ..ခက်တယ်ဆိုတဲ့လမ်း
ဖြတ်သန်းလို့သွားခဲ့ပြီ..
လွမ်းစရာဘယ်မှာရှိမှာလဲ
ကြမ်းပါတယ် 
သဲပူလမ်းတွေမို့
လှမ်းပြန်လို့ မကြည့်ပေ
သိစေတော့သက်လုံး ..
အပူဆုံးပြီကွယ့်
အပြုံးကိုရင်မှာမြန်းဆင်လို့
လှမ်းလေရာလမ်းဒီဘက်မှာတော့
စမ်းပမာ နွမ်းတာပျောက်ခဲ့တယ်
လှမ်းမယ့်နေ့များ ..

ပျိုးယုဝသုန်
5:15:40
29-08-2011
Monday

No comments: