Friday 5 August 2011

ထင်ယောင်မှား

  
တစ်နေ့မှာများ
ရောက်လာမလားလို့
တံခါးမစိ (စေ့)
မီးအိမ်ညှိပြီး
တိတ်တိတ်မှောင်ထဲ
စောင့်ခဲ့တယ်..။
မျှော်သူစိတ်ဇော
ပူပန်မောလို့
သောကဝေသည်
သူမေ့ပြီလား
စိတ်မှာထင်မှား
ရှိခဲ့တယ် ..။

ပျိုးယုဝသုန်

No comments: