Tuesday 30 August 2011

အဇ္ဈတ္တ အမှောင်




ဒီမှာဘက်က သောင်ထွန်းသတဲ့
တက်ဇောကြွတဲ့အပြုံးနဲ့
မက်မောလှတဲ့မျက်လုံး
ဘယ်လိုအဆုံးကိုကြည့်မလဲ ..။
မျက်စိတစ်ဆုံးလား
မျက်တောင်တစ်ဆုံးလား
လား .. ဆိုတဲ့အမေးတွေက
ရလာတဲ့အခွင့်ရေးတွေကြား
မျက်စိမှောက်ကာထားခဲ့ပြီ..။
ငါ ..ငါ .. ငါ ..နဲ့ ငါ့ကလေး
ငါဆိုတဲ့အတ္တအတွေးမှာ
ဘာဆိုဘာမှ မစဉ်းစား
ကမ်းပါးပြိုသူရဲ့ဘက်ကို
သနားမပို မငဲ့ကွက်
ကြည့်မြင်ချင်စိတ် မဲ့ ခဲ့တယ် ... 

ပျိုးယုဝသုန်
15;26 pm
18-08-2011
Thursday

No comments: