Saturday 29 March 2014

ပန်းစကား


အလွမ်းပြေစေဖို့
ပန်းတွေကိုလည်း ပျိုးထားတယ်..။

မညှိုးသာ အစဉ်မနွမ်းစေဖို့
စမ်းရေဖြန်းလို့ လန်းစေ့မယ်..။

မှန်းရည်ရွယ်
ပွင့်လာတယ် တစ်ပွင့်ပန်း..
မောင် မနမ်းရင်ဖြင့်
ရင့်နွမ်းကာ အဆင်ပျက်မှာမို့
မနက်နေ လေနုဦးရယ်နှင့်
အခက်ဝေ ကြွေလုဖူးကို
မောင်ရေ.. 
ခူးလို့  ဆင်မြန်း..။

ပျိုးယုဝသုန်
၂၅-၀၃-၂၀၁၄

No comments: