ငယ်ကကျွမ်း၍
လွမ်းငွေ့မပြေ
ဖြေလည်းမပျက်
လရောင်စက်နှင့်
ဖွင့်သည့်ရုပ်ရှင်
အသက်ဝင်သည်
ချိန်ခါရီကဆက်သည်ကိုး..။
ပျိုးယုဝသုန်
4-03-2014
Saturday, 29 March 2014
စိတ်ပျောက်သူ
စုတ်ကိုကိုင် ဆေးကိုတို့
ငါ့စက္ကူ မင်မစို့တယ်
စိတ်ပျောက်သူမို့..။
ပျိုးယုဝသုန်
၀၄-၀၃-၂၀၁၄ (ရန်ကုန်)
ကချေသည်
အလွမ်းတစ်ရစ်
ပန်းတစ်ရစ်နှင့်
ဖွင့်သည့်ကားလိပ်
နောက်တွင်ဆိတ်လျက်
အိပ်စက်မပျော်
မခေါ်သောက
ပွေ့ပိုက်ကြသည်
ဘဝဇာတ်ခုံမှ ကချေသည်။
ပျိုးယုဝသုန်
04-03-2014 (YGN)
ပန်းတစ်ရစ်နှင့်
ဖွင့်သည့်ကားလိပ်
နောက်တွင်ဆိတ်လျက်
အိပ်စက်မပျော်
မခေါ်သောက
ပွေ့ပိုက်ကြသည်
ဘဝဇာတ်ခုံမှ ကချေသည်။
ပျိုးယုဝသုန်
04-03-2014 (YGN)
ကလေးကဗျာများ (၂၉) ဗိသုကာငှက်
စာဗူးတောင်းလေး လှုပ်တုတ်တုတ်
ငှက်လေးအလုပ်ရှုပ်
ချုပ်သီတွဲတဲ့ အိမ်ဂေဟာ
မြင်သူငေးဖွယ်ရာ
ဟိုသည်ပျံကာ အိမ်ဆောက်ပေး
ဗိသုကာ ငှက်လေး ။
ပျိုးယုဝသုန်
၂၀-၀၃-၂၀၁၄
ငှက်လေးအလုပ်ရှုပ်
ချုပ်သီတွဲတဲ့ အိမ်ဂေဟာ
မြင်သူငေးဖွယ်ရာ
ဟိုသည်ပျံကာ အိမ်ဆောက်ပေး
ဗိသုကာ ငှက်လေး ။
ပျိုးယုဝသုန်
၂၀-၀၃-၂၀၁၄
ပန်းစကား
အလွမ်းပြေစေဖို့
ပန်းတွေကိုလည်း ပျိုးထားတယ်..။
မညှိုးသာ အစဉ်မနွမ်းစေဖို့
စမ်းရေဖြန်းလို့ လန်းစေ့မယ်..။
မှန်းရည်ရွယ်
ပွင့်လာတယ် တစ်ပွင့်ပန်း..
မောင် မနမ်းရင်ဖြင့်
ရင့်နွမ်းကာ အဆင်ပျက်မှာမို့
မနက်နေ လေနုဦးရယ်နှင့်
အခက်ဝေ ကြွေလုဖူးကို
မောင်ရေ..
ခူးလို့ ဆင်မြန်း..။
ပျိုးယုဝသုန်
၂၅-၀၃-၂၀၁၄
နွေးလှည့်
တိမ်မြူမှိုင်း
ခြုံသိုင်းလေတဲအဇဋာ
သူ့ရင်ခွင် အရောင်ကင်းပေမယ့်
လင်းလှည့် မကြာ..။
ရှစ်ခွင်လွှာ
ဘယ်နေရာမှ လာမယ်တုန်း
ရှောင်ပုန်းကာ မျက်နှာဝှက်ပါနဲ့
နွေးပါရစေဦး..။
ပျိုးယုဝသုန်
21-01-2014
Tuesdy (YGN)
ခြုံသိုင်းလေတဲအဇဋာ
သူ့ရင်ခွင် အရောင်ကင်းပေမယ့်
လင်းလှည့် မကြာ..။
ရှစ်ခွင်လွှာ
ဘယ်နေရာမှ လာမယ်တုန်း
ရှောင်ပုန်းကာ မျက်နှာဝှက်ပါနဲ့
နွေးပါရစေဦး..။
ပျိုးယုဝသုန်
21-01-2014
Tuesdy (YGN)
Subscribe to:
Posts (Atom)