Thursday 8 August 2013

ကလေးကဗျာများ ( ၂၇ ) လင်းတဲ့ည



လဝန်းရွှေဝါ
ကောင်းကင်မှာ
လင်းလင်းထိန်ထိန်သာ..

မြသားခြုံလွှာ
လွှမ်းကာထား
ဖြာလဲ့ညမင်းသား..။

ကြယ်များခင်တဲ့
ညပင်လယ်
မြင်လှည့်ပါ မောင်ငယ် ..

စိန်ပွင့်လေးနှယ်
ရွယ်စုံရွေး
တစ် နှစ် ငါး ခွန် လေး..။

ချိုတေးသီလို့
ကဗျာစီ
ညရဲ့စာပန်းချီ..

ငွေရည်သွင်းတဲ့
ဒီညခင်း
လင်းလဲ့ မှုန်မှုန်လင်း..။



ပျိုးယုဝသုန်
1:33:19AM
09-06-2013
Sunday (YGN)

1 comment:

Anonymous said...

ကောင်းလိုက်တာဗျာ
ကလေးလေးတွေ အတွက်
လသာသာ ညကဗျာကို ရေးသွားတာ
သိပ်ဖတ်လို့ကောင်းတာပဲ ။



မင်းဧရာ