Tuesday 4 June 2013

ချစ်ခြင်း တစ်ခု





ကမ္ဘာသစ်ရဲ့တစ်ဘက်မှာ
သူမနေပါဘူး..။

ကမ္ဘာဟောင်းရဲ့တစ်ဘက်
မချန်ရက်ပါဘူး..။

ကြည်နူးမှုနဲ့ စေတသိက်
တိတ်တိတ်ကလေးမျှဝေ
သူပျော်နေရင်ကျေနပ်
ငတ်မွတ်တဲ့ ဆန္ဒတစ်ခု
အတုပ ကင်းတဲ့ရယ်သံ
အဖန်ဖန်ကြားချင်ခဲ့…။

ဖန်တီးခွင့်ရဲ့ ပိတိ
နှိုင်းကြည့်လို့မရနိုင်
ခိုင်မာတဲ့စိတ်အရင်း
နီးခြင်းဝေးခြင်းပညတ်
သတ်မှတ်ချက်ကင်းကင်းက
လှခြင်း မင်းအတွက်ဖြစ်စေ့မယ်..။



ပျိုးယုဝသုန် 
01-06-2013
Saturday (YGN)

4 comments:

နွေတေးရှင် (မင်းဧရာ) said...

ကောင်းတယ် မဝသုန်
နီးခြင်း ဝေးခြင်းနဲ့လည်း မဆိုင်ပါဘူး

ချန်ခြင်း မချန်ခြင်းနဲ့လည်း မဆိုင်ပါဘူး
ကျန်ခြင်း မကျန်ခြင်းနဲ့လည်း မဆိုင်ပါဘူး
အဓိက ကသူရွှင်မြူးနေဖို့ပါး))။

မိုးနတ်ကြယ်စင် said...

ကဗျာကောင်းလေးးးးးးးးးးးး :)
နှစ်သက်မိတယ် မ ရေ...

Lynn Khit Deno said...

ကမ္ဘာသစ်ရဲ့တစ်ဘက်မှာ
သူမနေပါဘူး..။

ကမ္ဘာဟောင်းရဲ့တစ်ဘက်
မချန်ရက်ပါဘူး..။

. . . အတွေးလေး လှတယ် မ၀သုန်

ခင်မင်စွာဖြင့်
ဗညားရှိန်

kabyar sayar said...

နီးခြင်း ဝေးခြင်း
ပညတ်ကင်း၍
ချစ်ခြင်းတွေနဲ့ လှနေသူ။ ။