Monday 3 June 2013

ရှက်



မရည်ရွယ်သား၊ နှောင်ထားမလို
ညိုညင်မဲ့ကင်း၊ တွေ့ဆုံခြင်း၌
ဖန်ဆင်းဟန်မူ၊ ညှို့မယူဘူး
ယစ်မူးအိပ်မက်၊ အအိပ်ပျက်စဉ်
ဝိဥာဉ်ခေါ်ယူ၊ ငင်သောသူဟု
မှတ်ယူတလွဲ၊ စိတ်မှာစွဲလျှင်
ကွဲကြေနှလုံး၊ ပျက်ကာသုဉ်းစေ
ဝေးရာလေလွင့်နေတော့မည်..။



ပျိုးယုဝသုန်

3 comments:

လရိပ်အိမ် said...

ကဗျာက အဆင့်မြင့်နေပြီ မမဝသုန်။
နားမလည်ဘူး ၊ စကားပြေနဲ့ပြန်ရှင်းပေးပါ မမဝသုန်။ :)

လရိပ်အိမ် said...

အချစ်နဲ့ပတ်သက်လို့ရေးထားတဲ့ကဗျာလား ၊ အခါခါဖတ်နေမိတယ်။
ခေါင်းစဉ်အတိုင်း ရှက် မိပါတယ်။

နွေတေးရှင် (မင်းဧရာ) said...

ကောင်းလိုက်တာ ဗျာ ။
ရင်ထဲမှဖြစ်တယ် လာသော အချစ်သည်သာ တန်ဖိုးထားရာပေါ့
ဖန်တီး မယူတာ အကောင်းဆုံးပါဘဲ ။