Tuesday, 28 May 2013

အိပ်မက်လိပ်ပြာ





အိပ်စက်ခြင်းတစ်ဖက်
မျှော်လင့်ချက်ရဲ့ရောင်နီ
နေရောင်ခြည်ရဲ့မနက်
တပ်မက်မိတဲ့ငါ့အတွေး
နဲနဲလေးတော့ မှားသွားတယ်။


စိတ်တစ်ခုရဲ့နွေးထွေးမှု
အိပ်မက်တစ်ခုရဲ့အလျင်
နင် ပေးမယ်ထင်တဲ့ပန်းတစ်ပွင့်
မြင်ခွင့်ပျောက်မှသိခဲ့တယ်..။


အခြေမခိုင်တဲ့အကြောင်းပြချက်
နားလည်ခြင်းသက်သက်နဲ့ကြားနာ
ငါ့အပေါ်မှာ ထားတဲ့စိတ်ရင်း
လေးနက်ခြင်းက ကင်းခဲ့တယ်..။

အိုကွယ် .. ဆိုခဲစေ မြဲစေမလား..
ကတိစကားမှ  မစခင်
သံယောဇဉ် ငင်မရစ်လိုဘူး..၊
ထူးမြတ်တဲ့ချစ်ခြင်းအသံ
မင့် စိတ်အမှန်နဲ့ဆိုမှ
ရောက်ရာအရပ်က လာခဲ့မယ်
ငါ့ရဲ့ လိပ်ပြာတည်သရွေ့ ….။



ပျိုးယုဝသုန်
10:03:21 PM
28-05-2013
Tuesday ( YGN )

3 comments:

Cameron said...

ဒီရေးကဗျာမှာ ရေးဟန်လေးက အရင်ကဗျာတွေနဲ့ နဲနဲကွဲနေတယ်...ဘယ်လိုပဲဖြစ်ဖြစ် မမ၀သုန်ဆိုတာ ကဗျာလှလှလေးတွေကို ဖန်ဆင်းနေတတ်တဲ့ နတ်သမီးတပါးပဲလေ..။

မိုးနတ်ကြယ်စင် said...

ဟုတ်တယ်....မိုးနတ်ပြောချင်တာလဲ အတူတူပဲ...
ဒီကဗျာလေးက အရင်ကဗျာလေးတွေနဲ့ တော်တော်ကို
ကွဲပြားနေတယ်... မ ကဗျာတွေကို စွဲစွဲလန်းလန်းနဲ့
လာဖတ်နေကျဆိုတော့ သတိထားမိတယ်.....:)))

ဘယ်လိုပဲဖြစ်ဖြစ် မမ၀သုန်ဆိုတာ ကဗျာလှလှလေးတွေကို ဖန်ဆင်းနေတတ်တဲ့ နတ်သမီးတပါးပဲလေ......

မကြီး မိုးငွေ့က တော်တော်ကို အမှန်မြင်တတ်တယ်ရှင်.....
အပြောင်းအလဲလေးအတွက် သဘောတကျရှိရင်း
ကဗျာလှလှလေးကို မျှဝေခံစားခဲ့တယ်နော် မ
ချစ်တဲ့.....မိုးနတ်

နွေတေးရှင် (မင်းဧရာ) said...

ကောင်းလိုက်တာဗျာ...
ဆိုလိုရင်းက
ထင်းထင်း ရှင်းရှင်း ရှိလှတယ် ။