Tuesday 14 May 2013

ပန်း အိပ်မက်





စိမ်းစိုစို
ယိမ်းခိုလို့ သူနော့
လေအသော့မှာ ဝတ်မှုန်ခင်းတယ်
သင်းပျံ့ရီဖျော့..။

ဖြေလျော့လျော့ပန်းဇာခြည်
နားမညီ အရောင်ဆန်းက
ပျားပလီ ဆောင်ယူလှမ်းတော့
မြန်းမယ့်ဟန်ချီ ..။

ပန်းသာကီ
ဝါနီသင့်ရာရွေး
ပွင့်အလွှာ  လေပြည်သွေးတှဲ့
မှေးကမ္ဘာ အိပ်မက်လမ်း
လှမ်း ဆက် ချင်သေး..။



ပျိုးယုဝသုန်
03:31:02 AM
14-05-2013
Tuesday (BNE)

5 comments:

Cameron said...

ပန်းအိပ်မက်လေးကို လာဖတ်သွားပါတယ်

မြသွေးနီ said...

ကာရန်ချိုချိုလေးနဲ့ ကဗျာလေး ဖတ်သွားတယ် ညီမရေ..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဘလော့ဖတ် ခြေဦးမလှည့်ဖြစ်တာကြာသွားခဲ့ပေမယ့် ဒီနေ့တော့ ဘလော့ဖတ်ကို ပြန်လည်ဦးလှည့်ဖြစ်ပါတယ်။ မဖတ်လိုက်ရတဲ့ ဝသုန့်စာအဟောင်းလေးတွေ လာဖတ်ရင်း မြတ်အသစ်တင်ထားတယ်ဆိုတာလေးလည်း သတင်းလာပါးတာပါ။

ဒီလို ကဗျာလေးတွေကို ဝသုန်အမြဲ ရေးလေ့ရှိတယ်နော်။ မြတ် တကယ် သဘောကျတယ်။ ဝသုန့်ဆီကနေ အဆင်ပြေတဲ့ တစ်နေ့မှာ ဒီလိုကဗျာလေးတွေ စပ်နည်း သင်ရဦးမယ်။

ချစ်ခင်စွာနဲ့
မြတ်

နွေတေးရှင် (မင်းဧရာ) said...

ကဗျာ ချိုချိုလေးတွေ မဖတ်ရတာ ကြာပါပေါ့ မ၀သုန်ရေ....
အလုပ်တွေ များနေတယ်ထင်ပါ့ ။

ပြေသွေးသွေး ပန်းမွှေးမွှေးနဲ့ အိပ့်မက်လမ်းလေး နွေးပါစေဗျာ ။

Lorem Ipsum said...

ကဗျာလေးလည်းရေး
ပုံလည်းဆွဲ
ဝတ္တုနဲ့အတွေ့အကြုံဆန်ဆန်လေးတွေရေးပါဦးမမ၀သုန်ရယ်..

မမ နဲ့ကြိတ်စက်ကိုလွမ်းနေတဲ့
ဆုမြတ်