ထားလိုက်ပါတော့..။
အညှာအတာမဲ့တဲ့မိုးက တိုးတိုးပြီးရွာနေတယ်။
အမိုးရှိရဲ့လား၊
ထီးရှိရဲ့လား.. ။ ဆောင်းစရာပက္ကလာတခုခု ရှိသင့်ရဲ့မဟုတ်လား။
တစ်ခဏမိုးလား
။ တစ်ဘဝမိုးလား။ အက်ဆစ်မိုးလား။ ဒါ .. လက်ချားလား။
အချဉ်အငံမမျှတော့
တမင်ကန်ချသလို…။
ပခုံးချင်းအတူတူ
ဘာလို့တစ်ဖူ ပိုရှူချင်တာလဲ..။
ရဲတိုက်ထဲကခွေး
လူထက် အလေးသာသလား..
ခက်များခက်ပါရဲ့
.. ပြောမထွက်တာများနေပြီ..။
ကိုယ့်နေရာကိုယ်နေ.. ကိုယ့်လှေကိုယ်ထိုး
ကိုယ့်အကျိုးကိုယ်လုပ်.. ကိုယ့်အရှုပ်ကိုယ်ရှင်း .. ကိုယ့်အထုပ်ကိုယ်နင်းပါ..။
ကိုယ့်ထမင်းကိုယ်စားပြီး အငှားနွားကျောင်းသူကို
ကို်ယ့်သတင်း
ကိုယ်ကားပြီး စကားများ မရောင်းပါနဲ့..။
အကြောင်းကြောင့်
အကျိုးဖြစ် ..အကျိုးအတွက် အကြောင်းရှာ
သံသရာကိုမငဲ့လို့
အပြန်တရာရွဲ့ရမှာလား.။
ကိုယ်စား..
ကိုယ်ပွား .. ကိုယ်ခံစားပြီး .. ကိုယ့်အသားကိုယ်လှီးရမှ နာတတ်ကြတယ်ဆို
ဘာကိုဘာမှ
ပြောစရာ မရှိပါ။
ကိုယ့်တာကို
ကိုယ်ရွေးပြီးမှ ဒီခရီးအနီးအဝေး .. တွက်ပြီးစိတ်လေးမလို့လား..။
သကာဖုံးစကားလုံးထဲကအဆိပ် .. ခြွဲခမ်း စိပ်ဖြာကြည့်လိုက်မှ
ငါက မီဒီယာတတစ်ခု ... ဖြစ်မှန်းမသိဖြစ်ခဲ့တယ်…။
ပျိုးယုဝသုန်
05-05-2013
Sunday (BNE)
No comments:
Post a Comment