Wednesday, 29 May 2013
တတိယလူ
တစ်ယောက်ကို တစ်ယောက်က
အသက်မျှ ချစ်သတဲ့..။
တစ်ယောက်က တစ်ယောက်ကို
အသက်လို ချစ်သတဲ့..။
မသိခဲ့မှုတစ်ခုရဲ့
လွဲခဲ့တဲ့အလွဲ
လွဲရက်တဲ့အလွဲမှာ
ကွဲအက်ခဲ့တာက ..
ငါ့ကမ္ဘာ (သို့) နှလုံးသားရဲ့ တစ်နေရာ…။
ပျိုးယုဝသုန်
9:29:08 PM
24-05-2013
Friday (BNE)
Tuesday, 28 May 2013
အိပ်မက်လိပ်ပြာ
အိပ်စက်ခြင်းတစ်ဖက်
မျှော်လင့်ချက်ရဲ့ရောင်နီ
နေရောင်ခြည်ရဲ့မနက်
တပ်မက်မိတဲ့ငါ့အတွေး
နဲနဲလေးတော့ မှားသွားတယ်။
စိတ်တစ်ခုရဲ့နွေးထွေးမှု
အိပ်မက်တစ်ခုရဲ့အလျင်
နင် ပေးမယ်ထင်တဲ့ပန်းတစ်ပွင့်
မြင်ခွင့်ပျောက်မှသိခဲ့တယ်..။
အခြေမခိုင်တဲ့အကြောင်းပြချက်
နားလည်ခြင်းသက်သက်နဲ့ကြားနာ
ငါ့အပေါ်မှာ ထားတဲ့စိတ်ရင်း
လေးနက်ခြင်းက ကင်းခဲ့တယ်..။
အိုကွယ် .. ဆိုခဲစေ မြဲစေမလား..
ကတိစကားမှ မစခင်
သံယောဇဉ် ငင်မရစ်လိုဘူး..၊
ထူးမြတ်တဲ့ချစ်ခြင်းအသံ
မင့် စိတ်အမှန်နဲ့ဆိုမှ
ရောက်ရာအရပ်က လာခဲ့မယ်
ငါ့ရဲ့ လိပ်ပြာတည်သရွေ့ ….။
ပျိုးယုဝသုန်
10:03:21 PM
28-05-2013
Tuesday ( YGN )
28-05-2013
Tuesday ( YGN )
Tuesday, 14 May 2013
ပန်း အိပ်မက်
စိမ်းစိုစို
ယိမ်းခိုလို့ သူနော့
လေအသော့မှာ ဝတ်မှုန်ခင်းတယ်
သင်းပျံ့ရီဖျော့..။
ဖြေလျော့လျော့ပန်းဇာခြည်
နားမညီ အရောင်ဆန်းက
ပျားပလီ ဆောင်ယူလှမ်းတော့
မြန်းမယ့်ဟန်ချီ ..။
ပန်းသာကီ
ဝါနီသင့်ရာရွေး
ပွင့်အလွှာ လေပြည်သွေးတှဲ့
မှေးကမ္ဘာ အိပ်မက်လမ်း
လှမ်း ဆက် ချင်သေး..။
ပျိုးယုဝသုန်
03:31:02 AM
14-05-2013
Tuesday (BNE)
Sunday, 12 May 2013
Saturday, 11 May 2013
Friday, 10 May 2013
မီဒီယာ
ထားလိုက်ပါတော့..။
အညှာအတာမဲ့တဲ့မိုးက တိုးတိုးပြီးရွာနေတယ်။
အမိုးရှိရဲ့လား၊
ထီးရှိရဲ့လား.. ။ ဆောင်းစရာပက္ကလာတခုခု ရှိသင့်ရဲ့မဟုတ်လား။
တစ်ခဏမိုးလား
။ တစ်ဘဝမိုးလား။ အက်ဆစ်မိုးလား။ ဒါ .. လက်ချားလား။
အချဉ်အငံမမျှတော့
တမင်ကန်ချသလို…။
ပခုံးချင်းအတူတူ
ဘာလို့တစ်ဖူ ပိုရှူချင်တာလဲ..။
ရဲတိုက်ထဲကခွေး
လူထက် အလေးသာသလား..
ခက်များခက်ပါရဲ့
.. ပြောမထွက်တာများနေပြီ..။
ကိုယ့်နေရာကိုယ်နေ.. ကိုယ့်လှေကိုယ်ထိုး
ကိုယ့်အကျိုးကိုယ်လုပ်.. ကိုယ့်အရှုပ်ကိုယ်ရှင်း .. ကိုယ့်အထုပ်ကိုယ်နင်းပါ..။
ကိုယ့်ထမင်းကိုယ်စားပြီး အငှားနွားကျောင်းသူကို
ကို်ယ့်သတင်း
ကိုယ်ကားပြီး စကားများ မရောင်းပါနဲ့..။
အကြောင်းကြောင့်
အကျိုးဖြစ် ..အကျိုးအတွက် အကြောင်းရှာ
သံသရာကိုမငဲ့လို့
အပြန်တရာရွဲ့ရမှာလား.။
ကိုယ်စား..
ကိုယ်ပွား .. ကိုယ်ခံစားပြီး .. ကိုယ့်အသားကိုယ်လှီးရမှ နာတတ်ကြတယ်ဆို
ဘာကိုဘာမှ
ပြောစရာ မရှိပါ။
ကိုယ့်တာကို
ကိုယ်ရွေးပြီးမှ ဒီခရီးအနီးအဝေး .. တွက်ပြီးစိတ်လေးမလို့လား..။
သကာဖုံးစကားလုံးထဲကအဆိပ် .. ခြွဲခမ်း စိပ်ဖြာကြည့်လိုက်မှ
ငါက မီဒီယာတတစ်ခု ... ဖြစ်မှန်းမသိဖြစ်ခဲ့တယ်…။
ပျိုးယုဝသုန်
05-05-2013
Sunday (BNE)
Thursday, 9 May 2013
ပါလေရာ မမ
မမ နေရာတကာ စပ်စပ် စပ်စပ် နှင့် ပါချင်သည်။ သွားရာလမ်းပေါ်တွင် အဆင်မပြေတာ
တွေ့လျှင် အနည်းဆုံး သတင်းလေးမေးလိုက်ရမှ စားဝင်အိပ်ပျော်သည်။ ထို့ကြောင့် ရံဖန်ရံခါ
ဆဲဆိုတာခံရ၍ ရံဖန်ရံခါ ရဲစခန်း ရောက်လုနီးနီး ဖြစ်ခဲ့သည်။ သို့သော် ထိုအကျင့်ကို
ဖျောက်ပစ်ဖို့ကို မမ စိတ်မကူးပါ။
တစ်ရက်တွင် မမ အလုပ်မှ ပြန်လာသည်။ စနေနေ့ နေ့လည် ဖြစ်သည့်အလျောက် လမ်းတွင်
ကားများရှင်းနေသည်။ ကားကိုလက်ယာဘက်ကပ်၍
သီချင်းလေး နားထောင်ကာ သတ်မှတ်ထားသော နှုန်းထက် လျော့မောင်းလာသည်။ မမကားရှေ့ဘက်
ကား၂စီးစာမျှ အကွာတွင် စက်ဘီသမားတစ်ဦးလည်း
အေးအေးလူလူ နင်းကာ သွားနေသည်။ မမ စက်ဘီးသမားများကို အလွန်ကြောက်သည်။ မတော် ကိုယ့်ကားရှေ့ လဲပြိုလာလျှင် မခက်ပါလား။ ထို့ကြောင့် အလျင်လိုရန်လည်း မရှိသဖြင့် သူ့နောက်မှ အေးအေးဆေးဆေးလိုက်လာခဲ့သည်။
ထိုကဲ့သို့ လိုက်လာခြင်းသည်ပင် မမ အတွက် ကံကောင်းခြင်း ဖြစ်မည်ဟုထင်ရသည်။
ထို့ပြင် ထိုစက်ဘီးသမားအတွက်လည်း ကံကောင်းခြင်းဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် စက်ဘီးသမားသည်
ရုတ်တရက် လက်ယာဘက် လူသွားလမ်းရှိရာသို့ လဲပြိုသွားကာ စက်ဘီးက ရှေ့ခပ်လှမ်းလှမ်းသို့ရောက်ရှိသွားသည်။
မမလည်း ရုတ်တရက် ကားကို အရှိန်လျှော့လိုက်ပြီး လမ်းမပေါ်တွင် လမ်းတစ်လမ်းစာ ကန့်လန့်ဖြတ်နီးပါး ရပ်လိုက်သည်။
ထို့နောက် လဲနေသူရှိရာသို့ ပြေးသွားရာ ထိုသူသည် မည်သို့မှခေါ်၍မရပေ။ အနီးအနားမှ
ရှိနေသောလူများလည်း တစ်ခဏအတွင်းရောက်လာသည်။ အရေးပေါ်ဌာနသို့ ဖုန်းဆက်သူကဆက်ကြသည်။
ကူညီပြုစုသူက ကူညီပြုစုကြသည်။ ဆိုးသည်မှာ သူသည် ဦးခေါင်းကို ဘယ်ဘက်စောင်းလျက်လဲနေကာ
မျက်လုံးများက ပွင့်လျက်နှင့် မည်သို့မျှ တုံ့ပြန်မှု မရှိခြင်းပင်။ မမလည်း 000
ကိုနှိပ်ကာ လူနာတင်ကားကို လှမ်းခေါ်လိုက်ပြီး အကျိုးအကြောင်း ရှင်းပြကာ နေရာကို ပြောပြလိုက်သည်။
ထိုအချိန်တွင် လမ်းပေါ်မှ ဖြတ်သွားသော ကားအချို့က ကားကို လမ်းတွင် ကန့်လန့်နီးပါး
ရပ်ထား သောကြောင့် F သံများဖြင့် ဂုဏ်ပြုကြသည်။ လဲနေသော သူကို မြင်မှ Sorry ကြပြန်သည်။
၁၀မိနစ်မျှကြာသောအခါတွင် ဥသြသံ ပေးလျက် လာနေသော လူနာတင်ယာဉ်အသံကို ကြားရသည်။
ထိုအခါမှ မမလည်း ကန့်လန့်ရပ်ထားသော ကားကို ပြန်ရွှေ့ကာ အိမ်သို့ပြန်လာခဲ့သည်။
ဆိုးသည်မှာ ထိုသူ၏ တုံ့ပြန်မှုကင်းမဲ့နေသော မျက်လုံးများနှင့် မျက်နှာသည်
အာရုံထဲတွင် တဝဲလည်လည် နှုင့် ၂ရက် ၃ရက်မျှ အလည်လာနေခြင်းပင် ဖြစ်သည်။
များမကြာမီ နှစ်ရက်ခန့်တွင် အိမ်တစ်လုံး၏ မျက်နှာကျက်များ မှိုကွက်များ
ချွတ်ရန် မည်၍ မည်မျှ ကျမည်ကို ဈေးသွားဖြတ်ပြီး အပြန်တွင် မမ၏ မနေတတ် မထိုင်တတ်သော
အကျင့်သည် မမကို ဘေးကြပ်နံကြပ် ဖြစ်စေပြန်သည်။
မည်သည့်အိမ်မှ မည်သူ၏ ခွေးမှန်မသိသော ခွေးတစ်ကောင်သည် အရှေ့ဘက် ခပ်လှမ်းလှမ်းတွင်
သွားနေသော မိန်းကလေးတစ်ယောက် ရှိရာသို့ တိတ်တဆိတ်နှုင့် ချဉ်းကပ်ရန်ကြိုးစားနေသည်။
ထိုခွေး၏ မူဟန်မှာ ရန်ကုန်တွင် မမနေခဲ့စဉ်က တွေ့ခဲ့ဖူးသော ငနီဆိုသည့် ခွေးနှင့် တော်တော်ဆင်တူသည်။
ထိုခွေးက အလစ်တွင် ဝင်ဆွဲတတ်သေးသည် မဟုတ်ပါလား။ ထို့ကြောင့် စိုးရိမ်တကြီးနှင့်
ထိုကလေးမကို လှမ်းအော်၍ သတိပေးကာ ထိုခွေးကိုလည်း အိမ်ရှင်ပေးသွားသော မသောက်ရသေးသည့် Energy Drink ဗူးနှင့် လမ်းပစ်လိုက်မိသည်။
ထိုခွေးသည်ပဲ ကံဆိုးသည်လား မမသည်ပဲ လက်ဖြောင့်တပ်သား ဖြစ်လေသည်လားမသိ
ခွေး၏ ရှေ့ယာလက် ကို ထိမိကာ ခွေက တအိန်အိန်နှင့် အော်လေသည်။ အာရုံပြောင်းကာ မမ ဆီများ
ပြေးလာလေမည်လားဟု စိုးရိမ်ကာ နေတုန်း ခွေးကားပြေးမလာပဲ ခွေးပိုင်ရှင် ဟူသည့် မိန်းမကြီးက
နောက်မှ ရောက်လာပြီး သူ့ခွေးကိုနှိပ်စက်ပါတယ်ဆိုကာ သူ့ခွေးကို သွားဆွဲခေါ်လာရင်း
ပြဿနာ ရှာပါတော့သည်။
ကလေးမလေးကလည်း အူကြောင်ကြောင်ရပ်နေဆဲ၊ ခွေးကလည်း တအိန်အိန်အော်နေဆဲ၊ ခွေးပိုင်ရှင်
မိန်းမကြီးကလည်း တဗြဲဗြဲနှင့် ….။
ထို့နောက် သူက တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနှင့် ကိုင်ပေါက်လာသောအခါ
မမလည်း တိရိစ္ဆာန်မွေးသူတို့၏ စည်မျဉ်းစည်းကမ်းတို့ကို ကြားဖူးနားဝနှုင့် ပြန်ပြောရပါတော့သည်။
ခွေးကားနာတော့ နာပေမည်။ အရိုးကျိုးရ အက်ရလောက်အောင်တော့ မည်သို့မျှ မဖြစ်နိုင်ပါ။
သူကလည်း ခွေးကို စည်းမဲ့ကမ်းမဲ့ လမ်းပေါ် ရောက်စေသည်မဟုတ်ပါလား။
နောက်ဆုံးတွင် တဗြဲဗြဲ အသံကြီးနှုင် ရန်တွေ့နေသည်ကို သည်းမခံနိုင်သည့်အဆုံး
“နင့်ခွေးကို အခု ဆေးခန်းခေါ်သွားမယ်..၊ အရိုးအက်လား၊ ကျိုးလား ဓာတ်မှန်ရိုက်မယ်။
နင့်ခွေး တခုခု ဖြစ်ရင် ဆေးကုစရိတ်ငါပေးမယ်၊ တကယ်လို့ ဘာမှ မဖြစ်ရင် နင်ခွေးကို
သေချာမထိန်းသိမ်းနိုင်လို့ လမ်းသွားလမ်းလာကို အန္တရယ်ပြုတယ် ဆိုတဲ့အကြောင်း
Council နဲ့ RSPCA ကို တိုင်မယ်..”
ဆိုပြီး ပြောလိုက်တော့တယ်။
အဲ့သည်နောက်မှာတော့ သူမက F_ _ _ ချင်းမိုးမွှန်အောင် မြည်တွန်တောက်တီးကာ Body Language များပြပြီး
ခွေးကိုခေါ်သွားပါတော့တယ်..။
ကလေးမလေးလည်းမရှိတော့..၊ ခွေးနှင့် ခွေးပိုင်ရှင်လည်း မရှိတော့မှ မမလည်း
အိမ်ပြန်လာခဲ့တော့တယ်..။
တွတ်ပီ အော်သလိုအော်ရမလား.. ၊ မုဆိုးကျော်ဖိုးထော် အော်သလို အော်ရမည်လား
မပြောတတ်တော့ပါ..။
မမဝသုန်
06-05-2013
Monday (BNE)
06-05-2013
Monday (BNE)
Monday, 6 May 2013
ပျားရည်ရောင် အိပ်မက်
သူမကိုကျွန်တော်သိပ်ချစ်သည်။
၁။
သူမ၏ ပျားရည်ရောင်မျက်ဝန်းတွေကို ကျွန်တော်မက်မောသည်။ တစ်နေကုန် သူမ၏
မျက်ဝန်းများကို ထိုင်ကြည့်နေပါဆိုလျှင် ကျွန်တော် ထိုင်ကြည့်နေနိုင်သည်။ ထိုမျှပင်
မြတ်နိုးလှသည်။ ပြီး..တန်ဖိုးထားသည်။
သူမ၏ မျက်ဝန်းများတွင် ငွေ့ရည်ဖွဲ့စေသူကို ကျွန်တော်မုန်းသည်။ ကြည်လင်တောက်ပ
နေသော ကောင်းကင်တစ်ခု သူမ၏ မျက်ဝန်းထဲတွင် အမြဲမြင်ချင်သည်။ တဖြတ်ဖြတ် လက်နေသော ကြယ်ကလေးသည်
သူမ၏ မျက်ဝန်းထဲတွင် ရှိသည်။
သူမသည် ကျွန်တော် ဘာပြောပြော ပြုံးနေတတ်သည်။ ရံဖန်ရံခါ ပြန်ပြောလျှင်လည်း
တိုးဖွ လွန်းသည်။ နည်းပါးလွန်းသည်။ သူမ၏ တေးသံများတွင် ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်
အိမ်မက်လိုသည်။ ဤသည်မှာလည်း အိပ်မက်သာဖြစ်သည်။
သူမ ကျွန်တော့ကို ချစ်သလား ဟု ကျွန်တော် မည်သည့်အခါကမျှ မမေးပါ။ သူမမျက်ဝန်း
များတွင် ကျွန်တော် ချစ်ခြင်းတစ်ခုကို တွေ့ရှိပြီးဖြစ်သည်။ သူမ၏ မျက်တောင်တစ်ခတ်တွင်
Subscribe to:
Posts (Atom)