ဂျာဂျာဘီ သတ္တိ အလွန်ရှိသည်။
သရဲ တစေ၊ နာမ်ဝိဥာဉ်နှင့် ပတ်သက်သည့် ရုပ်ရှင်ကားများ အလွန်ဝယ်သည်။
ငယ်စဉ်က ပိုးဟပ်မြင်လျှင် ထွက်ပြေးသည်။ အသက်ကလေး ရလာတော့ တုတ်ရှည်တချောင်းနှင့်
မောင်ထုတ်သည်။ ပိုးဟပ်နားသို့ ယခုချိန်ထိ မကပ်ရဲသေးပေ။။
ဟခင်က မုန့်ဖိုးပေးပါ့မယ် အိမ်စောင့်ပေးပါ လို့ အစ်မဖြစ်သူက ပြောလျှင်
မုန့်ဖိုးလည်းမယူ အိမ်လည်း သွားမစောင့်နှင့် ထိုမျှ ဤမျှ သရဲတစေ ကို ချစ်သူဖြစ်သည်။
နောက်ပိုင်းအရွယ်ကလေးရောက်လာတော့ ဂုဏ်တော်များ ပွားများရင်၊ ပရိတ်ကြီးနှင့်
ပဌန်းဒေသနာတော်များ ရွတ်ဖတ်ရင်း၊ ဓမ္မစကြာ တရားတော်တို့ကို ထုံမွှမ်းရင်း တစ်ဦး တစ်ယောက်တည်း
အနည်းငယ် နေရဲလာသည်။
တစ်ရက်တွင် ထိုကောင်ကလေးသည် အလုပ်မှ အပြန်တွင် အိန္ဒိယတစေဇတ်လမ်းရုပ်ရှင်
တစ်ကားကို ဝယ်လာသည်။ အိန္ဒိယဇတ်ကားတို့၏ ထုံးစံအတိုင်း မင်းသား၊ မင်းသမီးတို့က
အလွန် ချောမောလှပကြသည်။ ညစာထမင်း စားသောက်ပြီးစီး၍ ဘုရားဝတ်ပြု ပြီးချိန်တွင် မောင်ဂျာဂျာဘီသည်
ဖေဖေနှုင့် မေမေအား သူဝယ်လာသည့် ရုပ်ရှင်ဇတ်လမ်းကြည့်ရန် ပြောလေသည်။ ဖေဖေနှုင့် မေမေကလည်း ညဥ့်မနက်သေးသည်က တစ်ကြောင်း၊
သူတို့၏ သားကလေး အကြောင်းကို သိသည်က တစ်ကြောင်း တို့ကြောင့် ထိုကောင်လေး၏ ရုပ်ရှင်ဇတ်လမ်းကို
သူနှင့်အတူ ထိုင်ကြည့်ပေးကြလေသည်။
ရုပ်ရှင်ဇတ်လမ်း သုံးပုံတစ်ပုံခန့်အရောက်တွင် မေမေ အိပ်ငိုက်လာသည်။
ထို့ကြောင့် ဖေဖေနှုင့် ဂျာဂျာဘီအား ထားခဲ့ကာ အိပ်ရာဝင်ရန် အိမ်ပေါ်ထပ်သို့ တက်သွားတော့သည်။ များမကြာမီ ဖေဖေလည်း ထိုရုပ်ရှင်ဇတ်လမ်းကို
ဆက်လက်မကြည့်နိုင်တော့ဘဲ အိပ်ရာ ဝင်သွားပြန်သည်။ ထိုအချိန်တွင် ဂျာဂျာဘီ တစ်ယောက်တည်း
သူရဲဇတ်လမ်းနှုင့် ကျန်ခဲ့တော့သည်။
ကောင်ကလေး သိပ်ပြီး မကြောက်တတ်ပါ။ သူ၏ သရဲရုပ်ရှင်ကလည်း ထက်ဝက်မျှပင်
မရှိသေး။ ကြောက်လန့်စရာ အခန်းတွေပင် မလာသေး၊ ဇတ်ရှိန် အမြင့်ဆုံးသို့ ရောက်ရန် အတော်ပင်လိုသေးသည်။
ထို့ကြောင့် ဂျာဂျာဘီ ဆုံးဖြတ်လိုက်သည်။
ထို့နောက် ရုပ်မြင်သံကြားနှုင့်
DVD စက်ကို ပိတ်လိုက်သည်။ ပြီးနောက် အိမ်ပေါ်သို့ အသာကလေး တက်သွားတော့သည်။
အိမ်ပေါ်သို့ရောက်ချိန်တွင် ဖေဖေနှုင် မေမေ ပင် အိပ်မပျော်ကြသေး။
မောင်ဂျာဂျာဘီကား မေမေ့နားတွင် တိုးကပ်ကာ စောင်လေးခြုံ၍ ကွေးကွေးလေး ဝင်အိပ်ပါတော့သည်။
မောင်ဂျာဂျာဘီ သရဲတစေနှင့်
သရဲတစေအကြောင်း ရိုက်ကူးထားသော ဇတ်လမ်း
ရုပ်ရှင်ကားတွေကို မကြောက်တတ်ပါ။
တစ်ဦးတစ်ယောက်တည်း မကြည့်ရဲခြင်းသာ ဖြစ်ပါသည်။
ဤစာကို ဖတ်ပြီးချိန်တွင် ထိုကောင်လေးသည် သူ၏ ချစ်လှစွာသော သူ့အကြောင်းများကို
ဖွတတ်သော အစ်မဖြစ်သူကို ဒေါသအမျက် ချောင်းချောင်းထွက်နေလောက်ပြီ ဖြစ်သည်။
မမဝသုန်
21-03-2013
(In Atmosphere )
2 comments:
ဒီမောင်ကလေးကြောက်တတ်တဲ့အကြောင်းကို ချစ်စဖွယ်လေးအမြဲရေးတတ်တဲ့အစ်မပဲ
စာကို လူပုံနဲ့ တွဲမြင်လို့ရပြီဆိုတော့ ပိုဖတ်ကောင်းသွားတယ်..အဟိဟိ
NSA
Post a Comment