Saturday 6 April 2013

ရွက်ပုန်း ပန်း





စံပယ်ဖြူ ကြူကြူမွှေး
မယ် ရွေးလို့ ပန်လိုက်ချင်..
ပန်းတော်ဝင်မယ်ဆင်မြန်းဖို့
လန်းမှာလားရှင် ..။

ပန်းငွေစင်
ချွေခင်ပုန်းချင်သေး ..
ညှာရွက်ယှဉ် သူ့ရင်ကြားမှာ
ထားဝှက်ကာပေး..။

မယ်လေးရဲ့ သည်ပန်းငုံ
ပွင့်လွှာရုံ နှစ်ထပ်ဆန်း
လွှမ်းကာပိုက်ခြုံ ..။

အပွင့်ရယ်စုံ
မကြုံကြိုက်ချင်ဘူး…
ရှက်သွေးဝင် ရွက်ပြင်ကြားမှာ
နားပါရစေဦး..။



ပျိုးယုဝသုန်
3:30:00 PM
06-04-2013
Saturday (BNE)

3 comments:

မြသွေးနီ said...

ချစ်စရာကဗျာလေး..
စပယ်ဖြူသွေးနဲ့ မိန်းမပျိုလေးကို မှန်းမြင်ယောင်လာမိတဲ့အထိ..။

Cameron said...

ပန်းရနံ့လေးမွှေးမြမြကိုတောင်ရသွားတယ် ကဗျာလေးဖတ်ပြီးတော့

မင်းဧရာ said...

ရွက်ပုန်းပန်း
ချူလှမ်းလို့ ခင်ပန်ဆင်..

မ၀သုန်ရဲ့ ကဗျာနောက်က လိုက်စပ်ကြည့်တား))။

မရောက်တာကြာလို့ ကဗျာတွေအကုန်လုံးကို သိမ်းကြုံးပြီးဖတ်သွားတယ်ဗျာ။