Thursday 10 January 2013

လှသော ညများ




လမလင်းပေမင့်
ညခင်းကဖြင့် လှတယ်ရှင်။
ကြယ်သင်းဝင် နဂါးငွေ့တွေက
တောက်ပတယ်ထင်။
ကြည့်ပါရှင်
ကောင်းကင်မှာမြင်ရဲ့
မြောက်ပြင်မှာ ထင် - ထင်လှတယ်
လမ်းပြကြယ်ကွဲ့ ...။

ဖိတ်ဖိတ်လဲ့ ကိုယ်ရောင်ဝါ
နက်ပြာမှာ ငွေခြည်စွက်ပါတဲ့
နှိုင်းမဲ့ ဝဠာ..။

အဇဋာ
မိုးတိမ်လွှာ နှင်းမြူကင်း
ကြယ်မင်းတွေ ကိုယ်ရောင်ဖြန့်လေတဲ့
တုမဲ့ ညခင်း။


ပျိုးယုဝသုန်
08:01:32 AM
10-01-2013
Thursday (BNE)

4 comments:

Cameron said...

ကဗျာလေးကလှလိုက်တာ ချစ်စရာကောင်းလိုက်တာ...ငါ့အက်ဆေးမှာသုံးချင်တယ် ခုတော့ဟုတ်ဖူး ကြိုခွင့်တောင်းထားတာ..နော် သယ်ရင်း။

မိုးနတ်ကြယ်စင် said...

ကဗျာလှလှလေးက ချစ်ဖို့ကောင်းလိုက်တာ...
တော်တော်ရေးတတ်တဲ့ မပဲ....:)
ချစ်တဲ့...မိုးနတ်

သူကြီးမင်း (တုံးဖလား) said...

ဖွဲ့နွဲ့မှုက လှပနုပျိုနေတာဘဲ။

Anonymous said...

မ၀သုန်က
ကဗျာအဖွဲ့ အတော်ကောင်းသားဗျ
စကားလုံး အသုံးအနူန်းလည်း ကြွယ်တယ်။