Friday 21 December 2012

မွေးနေ့ကဗျာ


မွေးနေ့ကဗျာ (၂၁-၁၂-၂၀၁၂)
HAPPY BIRTHDAY PA PA


သုံးဆယ်ကျော် လေးမှာရပ်
လှမြတ်မြတ် ဖြိုးကလျာ
ဘဝအထပ်ထပ် တိုးသဒ္ဒါတယ်
မရိုးပါကွယ်သက်ဆုံး။

ခင်မမုန်းနိုင်ဘု
ယှဉ်ရုန်းကာ ဘဝလမ်းကိုလ
လျောက်စမ်းပ လမ်းရှည်ရှည်
နှစ်ယောက်ထမ်းမှ နွမ်းမခွေတယ်
ဘဝအခြေ လက်တွဲ။

ဆက်ချည်မြဲလာတဲ့
လက်သည်အတွဲမပြယ်ရစ်ပြီမို့
သက်တည်မြဲ ဖော်အဖြစ်ရယ်နှင့်
ချစ်ခြင်းဖြင့် သံသာတိုင်
ကူးနိုင်မယ့်သူလေး။

အစဉ်အေးကြည်ဖို့
ယှဉ်တေးသီကဗျာလေးမှာကွယ့်
မှာရေးကို ခါခါကျော့သူမို့
Birthday သူ မမယ်ပရယ်က
အိုကွယ်..
ကျေနပ်မယ်လား..။


ချစ်ခြင်းများဖြင့်
မမဝသုန်

1 comment:

kabyar sayar said...

သိပ်ကြိုက်မိပါတယ်။ ကဗျာ့ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ပြသလိုက်တာပါပဲ။