Monday 1 October 2012

လိပ်ပြာ၏လားရာ




အနေမနီးပေမယ့်
အနီးမှာနေခဲ့တယ်..။

အခြေမကြီးပါဘူး
ရေမြေခရီးအကွာက
ယူဇနာ ထောင်ချီခြားသည်မို့
ဤကမ္ဘာမှာ မှောင်ရီသန်းနေလည်း
လှမ်းခွင့်မရ..။

ကမ်းလင့်ပါ့ မယ် ယုံ
ဆုံချင်သူလက်အကမ်း
တကယ်တမ်းမှာပျော်မမွေ့လေဘူး
ဘယ်လှမ်းသော် ယာကိုယိမ်းလေရဲ့
စိမ်းတဲ့ဟန်မြန်း..။

လှမ်းပေမယ့် မငြူစူ
စိတ်မတူသူ သူ့အနား
အရိပ်အတူ ခိုခွင့်ခြားပေလည်း
မြောလွင့်သခင့်အပါး ..။

လိပ်ပြာနှယ်
အရိပ်ပမာလွင့်မြော
စိတ်ယာဉ်ကို အတောင်တပ်ဆင်ခဲ့
လွမ်းရတဲ့ဇော..။



ပျိုးယုဝသုန်
၁၁း၁၄း၄၄ (ည)
၃၀-၀၉-၂၀၁၂
တနင်္ဂနွေ (BNE)

8 comments:

လရိပ်အိမ် said...

ဪ လွမ်းရပြန်ပြီ။ လွမ်းတယ်ကွယ်။

စံပယ်ချို said...

အခြေမကြီးပါဘူး ရေမြေခရီးအကွာက ယူဇနာ ထောင်ချီခြားသည်မို့ ဤကမ္ဘာမှာ ဘယ်နေရာ ရောက်ရောက်
jasmine အရောက်လာပြီးကဗျာလေးတွေခံစားလျှက်ပါ

မြတ်နိုးသူ said...

တိမ်းပေမယ့် မငြူစူ
စိတ်မတူသူ သူ့အနား
အရိပ်အတူ ခိုခွင့်ခြားပေမင့်
သခင့်အပါး တလည်လည်
အားပေးခံစားသွားပါတယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေး ဖတ်သွားပါတယ်။

ဝသုန်က မနေမနီးပေမယ့် အနီးမှာနေသူ
မြတ်က အနေဝေးပေမယ့် အဝေးနေမဟုတ်သူ။

ဟိုသီချင်းလေးအတိုင်းဆို ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ ကိုယ့်ဘဝရဲ့ နေရာတိုင်းမှာ မင်းရှိတယ် လို့ပေါ့။

ချစ်တဲ့
မြတ်

( မရောက်ဖြစ်တာ ကြာပေမယ့် သတိတရ ရှိပါတယ်။ စီပုံးပျောက်နေတာလည်း အခုမှ သိတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ ဝသုန် )

မိုးသူ(တောင်ကြီး) said...

တိမ်းပေမယ့် မငြူစူ
စိတ်မတူသူ သူ့အနား
အရိပ်အတူ ခိုခွင့်ခြားပေမင့်
သခင့်အပါး တလည်လည်..။

ကဗျာထဲ အဲဒီနားလေးတော်တော်ချစ်စရာကောင်းတယ်နော် မမ၀သုန်ရေ အရမ်းနူးညံ့တာပဲဗျာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Yoemyaykya said...

လွမ်းရတဲ့ဇောအင်းဒီဇောနဲ့တော့ခက်တယ်။
မမကဗျာလေးက ရွတ်လို့ကောင်းတယ်။

ကဗျာဆရာ said...

လိပ်ပြာလားရာ
ဘယ်ဆီမှာလဲ
ကဗျာထဲမှာရှာမိသည်။

မိုးနတ်ကြယ်စင် said...

မ.ကဗျာလေးတွေက အမြဲလိုလို နူးညံ့မှုရှိနေတာ..
မရေးလိုက်ရင် အဲလိုလေးတွေနော်...အရေးအသားက
သူများနဲ့ကို မတူဘူး..ကွဲထွက်နေတယ်...
နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေး.ဖတ်လိုက်ရတာ
ရင်ထဲကို အေးသွားတာပဲ မရယ်...အဲဒိခံစားချက်လေး
ကြိုက်မိတယ်..မဆီကို မလာရရင်မနေနိုင်ဘူးပဲ...
အားပေးနေတယ်ဆိုတာထက် ပိုတယ်...
ခံစားနေတာထက်လဲ လေးနက်တယ်..
ခင်မင်နေတဲ့..မိုးနတ်