Thursday, 30 August 2012

မှားသင့်တဲ့ အမှားများ ဖြစ်နေသလားရှင်




ကျွန်မရေးထားတဲ့ ဝတ္ထုလေးတစ်ပုဒ် ပါဝင်တဲ့ ဝတ္ထုတိုစုစည်းမှုစာအုပ်လေး ထွက်ပြီဆိုတော့ အင်မတန် ဝမ်းသာရပါတယ်။

ကျွန်မဆီကိုတော့ ဒီနေ့ပဲ စာအုပ်တွေရောက်လာပါတယ်။ ဝမ်းသာအားရနဲ့ ဖတ်မိတဲ့အချိန်မှာ အင်မတန် စိတ်မကောင်းစရာကို တွေ့ရပါတယ်။

ကျွန်မရဲ့ ဝတ္ထုမှာ ကျွန်မ ခွဲထားတဲ့ အပိုဒ်တွေအတိုင်းမဟုတ်ပဲ နောက်ပိုင်း (၁၁) နဲ့ (၁၂) ကို ပေါင်းထားတာ တွေ့ရတယ်။ ပေါင်းလို့ရတဲ့ အပိုဒ်ဆိုရင် ကျွန်မ ဘာမှပြောစရာ မရှိပေမယ့် ပေါင်းလို့မရတဲ့ အပိုင်းကို ပေါင်းထားတော့ ဘာမှ အဓိပ္ဗါယ်မရှိတဲ့ ပေါ့သွပ်သွပ် ရေးသားမှု တစ်ခု ဖြစ်သွားတာ တွေ့ရပါတယ်။ (၁၁) က မိန်းကလေးရဲ့ ခံစားမှု (၁၂) က တတိယလူရဲ့ အမြင်.. ဒီနှစ်ခု ပေါင်းရင်လည်း အပိုဒ်ခွဲပေါင်းရင်တော်သေး .. အခုတော့ တဆက်တည်းရေးထားသလိုဖြစ်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။

စာရေးတဲ့သူတိုင်းဟာ သူတို့ရဲ့ ဖန်တီးမှုကို သူတို့အသက်ကဲ့သို့ တန်ဖိုးထားကြပါတယ်။ ဒီလိုဖြစ်တဲ့ အမှားဟာ စာစစ်သူရဲ့ ပေါ့လျော့မှုကြောင့်လား၊ စာစီသူရဲ့ မှားယွင်းမှုကြောင့်လား။ ဘယ်လိုပဲဖြစ်ဖြစ် စာမူကို စာအုပ်အဖြစ်နဲ့ စီစဉ်ထုတ်လုပ်နေတဲ့သူတွေ အနေနဲ့ ဒီလို မှားယွင်းမှု၊ ပေါ့လျော့မှု လွဲချော်မှုဟာ မဖြစ်သင့်တဲ့ အရာတွေလို့ကျွန်မတော့ မြင်ပါတယ်။



Original  စာမူနဲ့ ရိုက်နှိပ်ပြီးသားစာ ကို ဖတ်ကြည့်ရင် သိသာမှာပါရှင်။





Original  စာမူကို အောက်က လင့်ခ် မှာ ဖတ်ကြည့်နိုင်ပါတယ်..။



ပျိုးယုဝသုန်
06:30:33PM
30-08-2012
Thursday (BNE)

6 comments:

Cameron said...

အေးဟာ...စာပိုဒ်တွေကို သေချာမကြည့်ဘဲဆက်လိုက်တာ တော်တော်ကြီးကိုဆိုးပါတယ်...။ ဖတ်ရတာ သဘောပေါက်မှားသွားနိုင်တယ်လေ သူတို့ ဂရုစိုက်သင့်တယ်...။

လရိပ်အိမ် said...

ဝမ်းနဲလိုက်တား(
သူတို့ သေချာမကြည့်ဘူးထင်တယ်။

ဖြိုးဇာနည် said...

ဂုဏ်ယူတယ်ဗျာာာာာာာာာ

Anonymous said...

မမ၀သုန်ရေ...
ကျွန်တော်လဲ ဘ၀တူပဲမို့ ကိုယ်ချင်းစာမိပါတယ်

မိုးသူ(တောင်ကြီး) said...

မမ၀သုန်ရဲ့ Print ပေါ်ရောက်တဲ့စာမူလေးကို

ဂုဏ်ယူပါတယ်

San San Htun said...

စာအုပ်မှာ ဖော်ပြခံရတာ ဝမ်းသာစရာ..ပေးချင်တဲ့ Message လွဲသွားနိုင်တာမို့  သတိထားသင့်တယ်..