Wednesday 15 August 2012

တန်ဖိုး




ကတိစကား
နှုတ်ဖျားမှာချည်
ဆိုသည်ခဏ
ပျောက်ရှမကြာ
ကြိမ်ခါခါကို
ဘယ်လို တုံ့ပြန်ရမည်နည်း။

တစ်ခါအမှား
ကြားသူအမှန်
ဖန်ဖန်ခဏ
ကြုံဆုံရသား
နာကြားသူပဲ
မှားရပြီ။

တစ်ခါ သည်းခံ
ရာသက်ပန်လား
မင်းများသစ္စာ
လူမှာကတိ
ဆိုသည့်စကား
တန်ဖိုးများသည်။


ချမ်းသာ ဆင်းရဲ
ငယ်လည်း မဟူ
ရင်းနှီးသူပါ
သာရာ မထား
စကား ၊ အချိန်
မသိမ်စေဘဲ
မြဲစေ ဂရုထားသင့်သည်။

ဆို ဆိုခဲစေ
တည်မြဲစေပေါ့
မလျော့ကတိ
သင် ဆိုမိတောင်
တည်အောင်ပင် ကြိုးစားသင့်သည်။

အချိန်၊ စကား
အလေးထားမှ
နောက်သား နောက်လိုက်
စဉ်တစိုက်တွင်
မယှဉ် အလေးသာလိမ့်မည်။

ဤသို့ဖြစ်စဉ်
မပြင်ချင်ဘဲ
ဆင့်ကဲဆင့် ဆို
ထိုထိုဓလေ့
ငါ မမွေ့ပြီ
သင်ပဲ ပျော်ရစ်နေပါလေ။


ပျိုးယုဝသုန်
9:23:40 AM
15-08-2012
Wednesday (BNE)



4 comments:

mstint said...

ဝသုန်ရဲ့ ကဗျာလေးတွေဖတ်တိုင်း ကာရံမိမိလေးတွေ ဖတ်လို့ကောင်းသလို အဓိပ္ပာယ်လေးတွေ လေးနက်တယ်။ အမြဲအားပေးနေတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မမ၀သုန်ရေ....
ခုနောက်ပိုင်း
လူတွေက ကတိမတည်ကြတော့ဘူးဗျ။ ကတိဆိုတာ တည်ရကောင်းမှန်းကို မသိကြတော့ဘူးဖြစ်နေတယ် အစ်မရေ....

Cameron said...

မမ၀သုန်ကဗျာဆို ဘာလာလာကောင်းတယ်...။

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းလေးခံစား၇လိုကကျေးဇူးပါ မမ၀သုန်