Thursday 5 July 2012

ရင်ခတ်ထူး


တစ်ပင်တည်း
ရင်ထဲထိရစ်ကာတွယ်
အပြစ်အနာရယ်မမြင်ရက်ပါဘူး
မေတ္တာမပြယ် ရင်မှာဖြစ်တည်တဲ့
ချစ်ခြင်းရဲ့ထူး ..



ပျိုးယုဝသုန်
11:58:45
03-07-2012
Tuesday(BNE)

8 comments:

မိုးသူ(တောင်ကြီး) said...

မမ၀သုန်ရေ

ချစ်ခြင်းရဲ့ ထူး

အဲဒီ "ထူး" ဆိုတာလူနာမည်လား

ဒါမှမဟုတ် ထူးခပ်ထားတာ(သို့ )

အချုပ်နှောင်ခံရတာကို ရည်ညွှန်းတာလားမရှင်းလို့ ပါ

ကဗျာလေးကတော့ တော်တော်လေးလှတယ်ဗျ

ခင်တဲ့

မိုးသူ(တောင်ကြီး)

Anonymous said...

မူး


တစ်လုံးထဲ
ခေါင်းထဲထိ ရစ်နေတယ်
လမ်းပေါ် ခွေးဝဲစားတောင် မမြင်ပါဘူး
မူးတာမပြယ် ခေါင်းမှာ ရစ်ကာကွဲ.
ဘီအီးကြောင့်မူး။

စံပယ်ချို said...

ပျိုးရေ
ရင်မှာဖြစ်တည်တဲ့ချစ်ခြင်းရဲ့ထူး
ချစ်ခြင်းရဲ့ ထူးခြားချက်လား
လူနာမည် ထူးလား
ဘူလဲ ပြောပြ

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးလှတယ်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

“ ထူး ” ဆိုတာ လူနာမည်မဟုတ်ရပေါင်ကွယ် .. ရင်မှာထားတဲ့ ချစ်ခြင်းက ထူး တစ်ခုလို ခိုင်မြဲတာကို ပြောတာပါ ..ခိခိ .. ထူးနာမည် ပိုင်ရှင်တော့ အလိုလို နေရင်းမျက်ခုံးလှုပ်နေလောက်ပီ .. အဟေး

Cameron said...

အဲဒီထူးကို ငါသိသလိုပဲနော်....း))

သိင်္ဂါကျော် said...

တစ်ပင်တည်း ရင်ထဲက နွယ်.. :)

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေး က ချစ်စရာလေးပဲမမ..:)