Saturday 12 May 2012

မမ နှင့် SIZZLER




၂၀၀၇ ခုနှစ်လောက်ကပေါ့..။

သြစတြေးလျားကိုရောက်ကာစ..၊ဘာမှလည်း သေချာသိပ်မသိသေးဘူး။ ရောက်ပြီး တစ်ပတ်လောက်အထိက ဆိုင်မှာဖြစ်သလိုဝယ်စားဖြစ်တာများတယ်။ ပထမရက်ပိုင်းတွေကတော့ တရုတ်စာဝယ်စားလိုက်၊ ကြက်ကြော်လေးဝယ်စားလိုက်နဲ့  ဟုတ်နေတာပေါ့၊

နောက်တစ်ရက်ကျတော့ SIZZLER ဆိုတဲ့ ဆိုင်ဘုတ်အစိမ်းကြီးကို တွေ့ရော.. ဗိုက်ကလည်းဆာ အခြားနေရာတွေကိုလည်း ဆက်မသွားချင်တော့ အဲ့ဒီဆိုင်ကြီးထဲဝင်ခဲ့တာပေါ့..။ ဝင်သာဝင်လာရတယ် ဘာမှန်းကလည်း သေချာသိတာမဟုတ်ဘူး။ ဒီတော့လည်း ခပ်တည်တည် သူများတန်းစီသလို စီလိုက်တယ်လေ။ ကိုယ့်အလှည့်ရောက်တော့ ကောင်မလေးမေးတာကို အူတူတူဖြစ်နေတော့ကာ သူကလေးက Menu ပြရှာတယ်.. ကိုယ်လည်းစားချင်တာကို ပြောတော့ သူကလေးက ဒါ Salad Bar ထဲမှာပါတယ်ဆိုပဲ… ကိုယ်စားချင်ရာတင်မဟုတ်ပဲ Menu ထဲပါသမျှ စာလိုတာ အကုန်စားနိုင်သတဲ့.. ကျသင့်ငွေက$16-50 တဲ့..။

ဝမ်းသာအားရပဲ ပိုက်ဆံပေးပြီးဆိုင်ထဲကိုဝင်လာလိုက်တယ်။ ပြီးတော့ ခပ်တည်တည်နဲ့ ပန်းကန်ပြာတစ်ချပ်ယူပြီး ကိုယ်စားချင်တဲ့ဟင်းပွဲကိုလိုက်ရှာတာပေါ့။ ဟင်းချက်ထားတဲ့ ကြက်သားကို ဘေကွန်နဲ့သုတ်ထားတာရယ် ပုဇွန်ကို ဆယ်လမွန်နဲ့သုတ်ထားတာရယ်..။ ပတ်ကြည့်ရှာကြည့်တာ ၃ပတ်လောက်သာရှိသွားတယ်။ စားလိုတဲ့ဟင်းတွေ တစ်ခုမှမတွေ့ဘူး။ တွေ့တာတွေကလည်း ကိုယ်မစားတာတွေ..။ ဒီလိုနဲ့ တွေ့သမျှ အရွက်သုတ်ဗန်းတွေထဲက အရွက်သုတ်တွေ ဟိုနည်းနည်း ဒီနည်းနည်း ခပ်ယူစားရင်း ဗိုက်သာပြည့်သွားတယ်.. အဲ့ဟင်းနှစ်မျိုးကို လုံးဝကို မတွေ့ခဲ့ဘူး။ စိတ်ပေါက်ပေါက်နဲ့ ကော်ဖီနှစ်ခွက်သောက်ပြီး ပြန်ထွက်လာခဲ့တယ်..ကျေတာကတော့ ဘယ်ကျေနပ်မလဲ..။ ဘယ့်နှယ် အရွက်သုတ်တစ်ပန်းကန်နဲ့ ကော်ဖီနှစ်ခွက်ကို $16.50 ပေးပြီးစားခဲ့ရတာ… တရုတ်ဆိုင်မှာဆို စိတ်ကြိုက်ဟင်းတစ်ပွဲနဲ့ အရည်သောက်တစ်ပွဲပါရတယ်..

နောက်မှသိတာက တကယ်လို့ကိုယ်စားချင်တဲ့ဟင်းပွဲMenu ထဲမှာလည်းပါတဲ့ဟင်းပွဲကို မတွေ့ရင် ပြောရတယ်ဆိုပဲ..။ ဒီတော့မှ သူတို့က လာချပေးတာတဲ့…  ဂလိုမှန်းသိ ပြောတာပေါ့… ခုတော့ SIZZLER ကို တာ့တာ လုပ်ခဲ့တာ အဲ့တခါကတည်းကနေ ခုချိန်ထိပဲ..

အဟိ.. အမှန်ကတော့ ကိုယ်ကိုက အ တာလေ…



မမဝသုန်
ခေတ္တ(BNE

5 comments:

စံပယ်ချို said...

မကျေပွဲ အနေနဲ့နောက်တခါပြန်သွားစားသင့်တယ်ပျိုးရေ
----

Unknown said...

ဖြစ်တတ်ပါတယ် အမရေ...
အမ စံပယ်ပြောသလိုပဲ နောက်တစ်ခါ သွားပြန်စားလိုက် အမ....:)))

San San Htun said...

မကျေပွဲ သွားနွှဲပါလား မမဝသုန်...

Anonymous said...

Wow, superb blog layout! How long have you been blogging for? you make blogging look easy. The overall look of your site is fantastic, as well as the content!
HTTP://www.KneeNeckBackPain.com/

Anonymous said...

Wow, amazing blog layout! How long have you ever been blogging for? you made blogging look easy. The full glance of your web site is excellent, as neatly as the content!
HTTP://www.CoolMobilePhone.net